၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ချေမှုန်းပစ်မည်ဟု နေပြည်တော် ကျည်ကာမှန်ခန်းထဲမှ မအောင်မြင် သောအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လက်သီးလက်မောင်းတန်းလိုက်ချိန်တွင် ရှမ်းမြောက်တ ခွင် စစ်သားများ အလောင်းချင်းထပ်နေပြီဖြစ်သည်။
၁၀၂၇စစ်ဆင်ရေးမှာ နေပြည်တော်စစ်ဗိုလ်ချုပ်တို့ အကြီးအကျယ်လျှော့တွက်ခဲ့ပြီး နောင်တကြီးစွာဖြင့် ခေါင်းမီးတောက်နေရပြီဖြစ်သော စစ်ဆင်ရေးဖြစ်သည်။ စစ်ဆင်ရေးကာလ ၁၀ရက်မြောက်နေ့တွင် စစ်တပ်စ ခန်းပေါင်း ၁၂၀ကျော်ကို ညီနောင်၃ဖွဲ့နှင့်ပူးပေါင်းတပ်တို့က ချေမှုန်းသိမ်းပိုက်လိုက်ရရုံတင်မက နယ်စပ်ဒေ သမြို့ ၃မြို့ကိုလည်း စစ်ကောင်စီ လက်လွှတ်လိုက်ရပြီဖြစ်သည်။
တစ်ပတ်ကျော်ကြာ ကာလအတွင်း စစ်ရေးစစ်ရာကျွမ်းကျင်စရာမလိုဘဲ ကြည့်သူတိုင်း မြင်နေရသော ပြည်သူတို့အားတက်ဖွယ်ရာ မင်းအောင်လှိုင်စစ်တပ်အခြေအနေမှာ မြေပြင်တိုက်ပွဲများ၌ တော်လှန်ရေးအင်အား စုများအား သူတင်ကိုယ်တင် မယှဉ်နိုင်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ပင် တော်လှန်ရေးအင်အားစုများက ချွေးနှင့်သွေး သိပ်ထွက်စရာမလို သွေးပူရုံအဆင့် ကျည် ပစ်သွင်းလိုက်ရုံဖြင့် တပ်စခန်းများ သိမ်းလိုက်နိုင်ခြင်းဖြစ်သည်။ထို့သို့ စစ်ရေးစွမ်းရည် ညံ့ဖျင်းလှသော မင်းအောင် လှိုင် စစ်သားတို့ကို ထပ်မံအားဖြည့်ပေးနေသောအချက်မှာ အသေမခံနိုင်သော စိတ်ဓာတ်ဖြစ်သည်။တပ်စခန်းတ ချို့၌ ‘ငါမသေ ငါ့စခန်းမကျစေရ’ဟု မြေဖြူခဲဖြင့် ရေးထားသော ခနော်ခနဲ့ဆိုင်းဘုတ်များကို တွေ့ရသော်လည်း လက်တွေ့တွင်မူ ‘ ငါမသေ ငါ့စခန်း ကျချင်ကျ’ ဆိုသောမူကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ကာ စခန်းထဲသို့ ကျည်ဆန်အ ဝင်များလာသည်နှင့်တစ်ပြိုင်နက် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျ ထွက်ပြေးကြကုန်၏။
စစ်သားအချို့က ပရော်ဖယ်ရှင်နယ် စစ်သားစိတ် သုည၊ထို့ကြောင့် အသေမခံနိုင် ပြေးကြ။တချို့စစ်သား များကျ မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်တို့ အာဏာရရှိရေးအတွက် အသေမခံနိုင်ကြ။ထို့ကြောင့်ပင် ကွမ်းလုံမြို့ နယ် တောင်ပိုင်း၊ကံမိုင်းဒေသအခြေစိုက် ခလရ-၁၄၃ က ဒုတပ်ရင်းမှူး၊တပ်ခွဲမှူး၂ဦး အပါအဝင် စစ်သားစုစုပေါင်း ၄၁ဦး စခန်းလုံးကျွတ် လက်နက်ချအလင်းဝင်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်တပ်တို့မှာ မြေပြင်တွင် မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိသဖြင့် ထိုးစစ်ဝင်လာသည်နှင့် လေ ကြောင်းနှင့်လက်နက်ကြီး ပစ်ကူပေးရတော့သည်။ရင်ဆိုင်တိုက်ပွဲ အတွေ့အကြုံရင့် ညီ နောင် ၃ဖွဲ့ ၏ ထိုးစစ်တင် မက စစ်ရေးအတွေ့အကြုံနှင့် လက်နက်ခဲယမ်းအကန့်အသတ်ရှိသော PDF ပူးပေါင်းတပ်တို့၏ တိုက် ခိုက်မှုကိုပင် မင်းအောင်လှိုင်တပ်တို့ မခံနိုင်၍ လေကြောင်းစစ်ကူခေါ်ခဲ့ရသည်။
ဥပမာ – နိုဝင်ဘာ၃ရက်နေ့၊စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ စစ်ကောင်စီစခန်း ၁၀ ခုကျော်ကို အမှတ်(၁)စစ် ဒေသ လက်အောက်ရှိ PDF ပူးပေါင်းတပ်တို့ တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် လေကြောင်းပစ် ကူ ခေါ်ရ သည်မှာ ၄နေရာထက် မနည်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် ရှမ်းမြောက်နှင့်ကချင်ဒေသတို့တွင် စစ်ကောင်စီတပ်၏ အားသာ ချက်ဖြစ်သော လေကြောင်းနှင့် လက်နက်ကြီးပစ်ကူတို့ကို ပုံအောသုံးနေသော်လည်း တပ်စခန်းတစ်ခုပြီးတစ်ခု ကျ နေခြင်းမှာ ယင်းပစ်ကူတို့၏ အကန့်အသတ်ရှိမှုကို ဖော်ပြနေပေသည်။
ထို့အပြင် ရှမ်းမြောက်တခွင် အရှိန်အဟုန်ပြင်းနေသော ၁၀၂၇စစ်ဆင်ရေးသည် အရှိန်ကျသွားခြင်းမရှိ သလို နောက်ထပ်စစ်ဆင်ရေးများ ထပ်မံထွက်ပေါ်လာခြင်းကလည်း မီးတောက်နေ သော စစ်ဗိုလ်ချုပ်တို့ခေါင်းကို လေ ပင့်လိုက်ခြင်းလည်းဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီး တို့တွင်မြို့တွင်းစီးနင်း တိုက်ခိုက်မှုများကို တွေ့လာ ရသလို အညာဒေသနှင့် ဆက်စပ်တခွင် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော မြို့တွင်းနှင့်စခန်းသိမ်းတိုက် ပွဲ များ တစ်ပြိုင်တည်းဖော်ဆောင်လာကြသည်။
၁၀၂၇စစ်ဆင်ရေးမှသည် နိုင်ငံလုံးပြည့် ဩခက်စထရာ စစ်ဆင်ရေးကြီးအဖြစ် ဆက်လက်မြှင့်တင် တောက်လောင်နိုင်ခဲ့လျှင် မင်းအောင်လှိုင်စစ်တပ် မည်မျှအထိ အသေခံနိုင်မလဲဆိုသည်ကို မေးခွန်းထုတ်ရပေ တော့မည်။
မင်းအောင်လှိုင်စစ်တပ်တွင် တော်လှန်ရေးအင်အားစု၏ ထိုးစစ်ကို မဟာဗျူဟာမြောက် ခုခံနိုင်စွမ်းသော စီမံချက်မရှိ။အထိနာလျှင် အပြေးမြန်ကြသော မင်းအောင်လှိုင်စစ်တပ်မှာ တူဘဝ၌ နှံအားကောင်းသလောက် ပေ ဘဝတွင်ရော ခံနိုင်ရည် မည်မျှရှိမည်နည်း။
၁၀၂၇စစ်ဆင်ရေးမှသည် ဒီမိုကရေစီ နွေဦးရောင်ခြည်ကို လှမ်းမြင်ရပြီဟု ဒီမိုကရေစီပြည်သူတို့က စိတ် အားထက်သန်စွာ ပြောဆိုလာကြပြီဖြစ်သည်။