ဟိန်းသံဟောက်သံ မာမာထန်ထန်ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေး ထိုးနှက်ချက် မှာ အရေထူနေပြီဖြစ်သော နေပြည်တော်စစ်ဗိုလ်ချုပ်များအတွက် အိပ်ရေးမပျက်တော့သည်မှာ ကြာခဲ့ပြီဖြစ် သည်။
မအောင်မြင်သောအာဏာသိမ်းကာလ နိဒါန်းအစတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ နိုင်ငံရေးလူရာမ သွင်းခြင်း၊အထီးကျန် မျက်နှာငယ်စေခြင်း၊ကန့်ကွက်ရှုတ်ချခြင်းစသည့် သံတမန်ရေးတိုက်စစ်မှာ စစ် ကောင်စီ ကို လူးလိမ့်ဗြောင်းဆန်စေခဲ့သည်။ကိုယ့်ဘဝပေး ကိုယ် မမေ့သော စစ်ကောင်စီမှာ နိုင်ငံတကာ၏ သံ တမန် ရေး ထိုးနှက်ချက်များကို ခုခံတုံ့ပြန်နိုင်စွမ်းလည်းမရှိသဖြင့် မည်သို့ပင် ရှုတ်ချကန့်ကွက်ပါစေ၊ဂရုမစိုက်၊ အ ဖက် မလုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ခဲ့ကြသည်။
၂၀၂၁ခုနှစ်၊ဧပြီ၂၄ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၌ အာဆီယံခေါင်းဆောင်များရှေ့မှောက် တွင် အငိုက်မိ ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ မြန်မာ့အရေးအာဆီယံဘုံသ ဘောတူညီ ချက်၅ရပ်ကို လက်မှတ်ရေးထိုးခဲ့ရသော်လည်း ၂၀၂၁ခုနှစ်၊ဧပြီ၂၅ရက်မှစတင်ကာ ကိုယ့်မျက်နှာကိုယ် တံ တွေးဖြင့် ပြန်ထွေးကာ အရေထူအောင် ကျင့်တော့သည်။
မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့ကို အာဆီယံထိပ်သီးနှင့်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက် ရောက်ခွင့်ပိတ်သည့် ပြစ်ဒဏ်ချမှတ်လိုက်ချိန်တွင်တော့ အရေထူစပြုလာပြီဖြစ်သော စစ်ကောင်စီမှာ မိုက် သွေးတလူလူလွှင့်တော့သည်။
အာဏာရရှိရေးသေးသည် ပဓာန၊မည်သူ့ကိုမျှ ဂရုမစိုက် အကြမ်းဖက်သတ်ဖြတ်ခြင်းအမှုတွင် စာသင် နေသောလက်ယက်ကုန်းကလေးငယ်များလည်းမချန်၊ချက်ချင်းဆိုသလို ကမ္ဘာကျော်ခဲ့သော ပဇီကြီးရွာ အစု လိုက် အပြုံလိုက်သတ်ဖြတ်မှုအထိ ကမ်းကုန်။
၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာသည်။၇၄နှစ်တာအတွင်း မြန်မာ့အရေး ကုလလုံ ခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ် ချက်ဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်ကို မဖော်ဆောင်လျှင် မည်သို့မည်ပုံအရေးယူမည်ဆိုသည့် နောက်ဆက် တွဲလုပ်ငန်းစဉ်များမပါ။မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉သည် အရေသိပ်ထူလွန်းသည့် ဆင်တစ်ကောင်ကို စက္ကူမြားဖြင့် ပစ်နေသည့်ပမာ။
စစ်ကောင်စီက ဆင်ကဲ့သို့ အရေထူလာအောင် သူတို့ကိုယ်သူတို့ လေ့ကျင့်ပျိုးထောင်ခဲ့ပြီးဖြစ်သော် လည်းနိုင်ငံတကာအသိုင်းအဝိုင်းမှာမူ စစ်ကောင်စီပြောင်းလဲလာသလို လိုက်ပါပြောင်းလဲနိုင်စွမ်းမရှိသဖြင့် ထိ ရောက်သည့်အရေးယူမှုမပါသော သံတမန်ရေးဖိအားပေးခြင်းဖြင့်သာ တိုက်စစ်ဖွင့်လျက်ရှိသည်။မကြာသေးမီ ကပြီးဆုံးခဲ့သော ၄၃ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကလည်း မြန်မာ့အရေးအာဆီယံမူ၅ရပ်ကို ဆက် လက်ကိုင်စွဲသွားမည်ဟုဆုံးဖြတ်ပြန်သည်။
စစ်ကောင်စီသည် အာဆီယံမူ၅ရပ်ကိုလည်းလက်မခံ။ဆုံးဖြတ်ချက်-၂၆၆၉ကိုလည်း ခေါက်ထား။ ၎င်း တို့ထူးချွန်သော ရက်စက်ကြမ်းကြုတ်မှုအရာတွင် သူမတူ ပြောင်မြောက်စွာ။
ကုလသမဂ္ဂဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ် ဆေးမှုယန္တရား( IIMM)က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ စက်တင်ဘာ၁၁ရက်နေ့ တွင် ၅ကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းရာ၌ စစ်ကောင်စီတပ် ကျူးလွန်သည့် ရာဇဝတ်မှုအကြိမ်ရေနှင့် ပြင်းထန်မှု ပိုမြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ယင်းမှာနိုင်ငံတကာအသိုင်းအဝိုင်းက မဟာဗျူဟာမြောက်ကျင့်သုံးနေသော သံတမန်ရေးနည်း လမ်းမှာ လုံးဝအလုပ်မဖြစ်ကြောင်း အထင်ရှားဆုံးသက်သေဖြစ်သလို မြန်မာ့အရေး လက်တွေ့ကျသော ချဉ်း ကပ်မှုမျိုးဖြင့် ရှေ့ဆက်ရန် ကျွမ်းကျင်သူတို့ကလည်း ယခုရက်ပိုင်းအတွင်း ပြောလာကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel က စစ်အုပ်စုအပေါ် သံတ မန်ရေး လမ်းကြောင်းထက် စစ်တပ်ကို အားနည်းသွားစေမည့်လမ်းကြောင်းကသာ မြန်မာ့အပြောင်းအလဲကို လုပ် ဆောင် နိုင်မည်ဟု နိုင်ငံတကာအား သတိပေးလိုက်သည်။
စစ်ကောင်စီဝင်ငွေကို ဖြတ်တောက်နိုင်လျှင် မြန်မာနိုင်ငံတွင် ကျူးလွန်နေသော ရက်စက်မှု များ ကို တားဆီးနိုင်မည်ဟု ကုလလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဆိုသည်။
မြန်မာ့အရေးကို အာဆီယံတစ်ခုတည်းအနေနှင့် ဖြေရှင်းနိုင်စွမ်းမရှိသဖြင့် အမေရိကန်နှင့် အီးယူအ ပါအဝင် သဘောထားတူ မြန်မာ့မိတ်ဆွေနိုင်ငံများ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW) အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဆို သည်။
နွေဦးတော်လှန်ရေးအင်အားစုကို လက်တွေ့ကျသောအကူအညီပေးခြင်းနှင့်စစ်ကောင်စီကို ထိရောက် စွာအရေးယူခြင်းတို့ကို နိုင်ငံတကာအသိုင်းအဝိုင်း၏စုစည်းအင်အားဖြင့် ဆောင်ရွက်မှသာလျှင် စစ်ကောင်စီကို မြန်မြန်ဆန်ဆန်ချေမှုန်းနိုင်မည်ဖြစ်သည်။မြန်မာနွေဦးကို မြန်မာပြည်သူတို့က တက်စုံရွက်စုံ ဘဝစုံပေးဆပ် ကာရှေ့သို့ချီနေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းထံက လက်တွေ့ကျ သောအကူအညီများ အရနည်းနေ ခြင်း ကြောင့် အရောက်နှေးနေခြင်းဖြစ်ကြောင်း MPAက ယုံကြည်ပါသည်။နိုင်ငံတကာအသိုင်းအဝိုင်း အနေ ဖြင့်ဟိန်းဟောက်ခြင်းသာ တတ်နိုင် သော စက္ကူကျားအဖြစ်မှ စစ်စစ်မှန်မှန် ကျားသဏ္ဍာန်သို့ မပြောင်းမဖြစ် ပြောင်းလဲ သင့်ပြီဖြစ်ပါကြောင်း မောင်းခတ်လိုက်ရပါသည်။