စစ်အာဏာရှင်တို့ မည်သည့်အချိန်တွင် ဖြေသည်ဖြစ်စေ ဂုဏ်ထူးထွက်နေသည့်ဘာသာရပ်မှာ မိမိ ကိုယ်မိမိ လိမ်လည်လှည့်ဖျားမှုပင်ဖြစ်သည်။
စစ်အာဏာရှင်တို့က သူတို့ကိုယ်သူတို့ တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်နေသော သမိုင်းဝင် ကယ် တင်ရှင်ကြီး ဟုမှတ်ယူသည်။သူတို့သည်စီမံခန့်ခွဲ အုပ်ချုပ်မှု ပညာတွင်လည်း တစ်ဖက်ကမ်း ခတ်။ ၎င်းတို့ မသိ၊ မကျွမ်းကျင်သောအရာမရှိ။သေနတ်ပစ်တတ်လျှင် အရာ ရာကို အလိုလို တတ်မြောက်သွားပြီဟုလည်း ပြတ်သားစွာ ယုံမှတ်ကြသည်။
ထို့အပြင် ၎င်းတို့သည် မြန်မာတည်သ၍ နာမည်တည်ကျော်ဇောခြင်းဌာ သာသနပြုမင်းဖြစ်အောင် လည်းရူးသွပ်ကြ သည်။၎င်းတို့နားလည်ထားသော သာသနာပြုမင်းဆိုသည်မှာ ဘုရားတည်ခြင်း၊ဘုရားတည် ခြင်း ဖြင့် ယ တြာ ချေကာ အာဏာတည်မြဲအောင်ကြံဆောင်ခြင်းနှင့် ၎င်းတို့အကြိုက်ဆောင် သံ ဃာများကို ချီးမြှောက်ခြင်း ဖြစ် သည်။
ပထမအာဏာရှင်နေဝင်းက ရွှေတိဂုံဘုရားအနီးတွင် မဟာဝိဇယစေတီတည်ခဲ့သည်။ဒုတိယအာဏာ ရှင်သန်းရွှေက နေပြည်တော်တွင် ရွှေတိဂုံစေတီ ပုံစံတူ ဥပ္ပါတသန္တိစေတီကိုတည်ခဲ့သည်။ယခု အာဏာရှင်ဖြစ် ရန် ဇောချွေးထန်နေသော လူသတ်ဝိဇ္ဇာ မင်းအောင်လှိုင်ကလည်း ၉ဂဏန်းအစီအရင်များဖြင့် စကျင်ရုပ်ပွား တော်တည်ပြန်သည်။ သီတဂူဘုန်းကြီးက ကမ္ဘာပေါ် တွင် တစ်ဆူတည်းသော ပြုံးတော်မူ ဆင်းတုတော်ဟူ၍ မင်းအောင်လှိုင်အကြိုက် မြှောက်ပင့်တတ်လေတော့ ဘဝင်လေဟပ် ရသည်။
အာဏာရှင်တို့သည် မြှောင့်ပင့်ခြင်းကိုကြိုက်ကြသည်။ယခင် သန်းရွှေနှင့်ခင်ညွန့် ဓားထက်စဉ်ကာ လက ၎င်းတို့၏ခရီးစဉ်များတွင် ပြည်သူများကို လက်အုပ်ချီကာ ရိုသေလေးမြတ်စွာ ကြိုဆိုခိုင်းရန် ၎င်းတို့၏ အနီးကပ်တပည့်များက အောက်ခြေအဆင့်များ အား ညွှန်ကြားလေ့ရှိသည်။ပြည်သူများကို မကြိုမနေရ၊လက် အုပ် မချီမနေရ။
၎င်းတို့နုစဉ်ကာလ တပည့်ဘဝက ၎င်းတို့၏ဆရာ့၊ဆရာများ၏ ခရီးစဉ်များတွင် ပြည်သူများကို ထိုသို့ မလုပ်မနေရ ကြိုဆိုခိုင်းခဲ့ဖူးသဖြင့် ၎င်းတို့အားလက်အုပ်ချီကြိုနေသောပြည်သူများအကြောင်းကောင်းကောင်း သိသည်။သို့သော်၊ အသိကို သတိဖြင့် ထိန်းသိမ်းနိုင်စွမ်းသောဆင်ခြင်တုံတရားက ပါးလျကြသဖြင့် မဟုတ်တာ ကို မဟုတ်မှန်းသိ လျက် အဟုတ်ထင်ကုန်တော့သည်။
၎င်းတို့တပည့်ဘဝက ၎င်းတို့၏အကြီးအကဲများကို အာဏာရှင်စိတ် ရာနှုန်းပြည့်ဝင်အောင် မြှောက် ပင့်ခဲ့သလို ၎င်းတို့အကြီးအကဲဖြစ်သည့်အခါတွင်လည်း များစွာသော အခြွေအရံတို့၏ မြှောက်ပင့်ခြင်းတွင် ကျေ နပ်ကာ အရှိတရားများကို လိမ်လည်လှည့်ဖျားရင်း အမှားကိုအမှန်ဟုယုံကြည်ကြတော့သည်။
ထိုသို့အပေါ်လေမိနေသော စစ်အာဏာရှင်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်နိုင်စွမ်းမရှိ၊ကိုယ့်အပေါ် မှန်မှန်ကန်ကန်ဝေဖန်လမ်းပြပေးမည့်သူလည်းမရှိသဖြင့် မည်သည့်ပြဿနာမျိုးကိုမဆို လက်ညှိုးထိုးအပြစ်ရှာ ခြင်းမူနှင့်သာ ချဉ်းကပ်တော့သည်။
NLDအစိုးရလက်ထက်၊အမေရိကန်တစ်ဒေါ်လာကို ကျပ်၁၃၀၀ဝန်းကျင်သာ ရှိခဲ့ရာမှယခုအခါ ကျပ် ၃၈၀၀ ဝန်းကျင်သို့ရောက်ရှိသည်အထိ ကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းမှာ နိုင်ငံတကာ ၏ ပိတ်ဆို့မှုကြောင့်ဟု မင်းအောင်လှိုင်က လက်ညှိုးထိုးသည်။
ကျပ်၂သောင်းတန်ထုတ်ဝေမည်ဟု ကြေညာလိုက်ချိန်မှစ၍ ကုန်ဈေးနှုန်းများ ထိန်းမ နိုင်သိမ်းမရ တက်လာခြင်းအပေါ် မင်းအောင်လှိုင်က မသမာတို့ သတင်းမှားလွှင့် ကုန်ဈေးနှုန်းဆွဲတင်နေ ကြောင်း ရှုမြင် သည်။လတ်တလောငွေဈေးကွက် ကမောက်ကမဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘဏ်လုပ်ငန်းတချို့ မရိုးမသား လုပ်မှုဟု လက်ညှိုးထိုးပြန်သည်။
ဩဂုတ်၂၅ရက်၊နေပြည်တော်၌ပြုလုပ်သော စီးပွားရေးသုံးသပ်ချက် အစည်းအဝေးတစ်ရပ်တွင် နိုင် ငံခြားငွေမရအောင်တားဆီးထားပြီးစီးပွားရေးအကျပ်အတည်းဖြစ်အောင် ပြုလုပ်နေ ကြောင်း မင်းအောင် လှိုင် ကတစ်ပါးသူအပေါ်လက်ညှိုးထိုးလိုက်ကာ ပို့ကုန်ဝင်ငွေပါးရှားလာခြင်းအပေါ် မသိချင်ယောင်ဆောင်ခဲ့ ပြန် သည်။
ယခုနောက်ဆုံးပေါ် ရင်သပ်ရှုမောဖွယ် လက်ညှိုးထိုးခြင်းမှာ စက်တင်ဘာ၁ရက်နေ့၊စစ်ကောင်စီ အ စည်းအဝေးတွင်ဖြစ်သည်။ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်က အကြမ်းဖက်မှုများ ရှိနေသည့်ဒေသများ ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်၍မရကြောင်းနှင့်လူတစ်စု၏ မိုက်မဲမှုကြောင့် ဒေသခံလူအများက ခံနေ ရကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က သူ့ကိုယ်သူ အကြမ်းဖက်နေသူဟုမမြင်၊တိုင်းပြည်ဖွံ့ဖြိုးရေးဆောင်ရွက်နေသူအ ဖြစ် တစ်တိုင်းပြည်လုံးကို ဟဒယရွှင်ဆေးတိုက်ကျွေးလိုက်ခြင်းသည်။စစ်ကောင်စီသည် ကိုယ့်အ ကြောင်းကိုယ်မသိ၊ကိုယ့်အခြေအနေကိုယ် အမှန်အတိုင်းမမြင် စုံလုံးကန်းခရီးချီကာ ကိုယ့်အလောင်းကိုယ် မြင်အောင်ရှုနိုင်စွမ်း လည်း မရှိသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။