အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှ ပစ်လွှတ်လိုက်သော အမြောက်ကျည်မှာ နေပြည်တော်၊မှန်လုံ ကျည်ကာခန်းအနီးသို့ ကျရောက်ကာ ကျယ်လောင်သောအသံ ထွက်ပေါ်လာသော်လည်း မင်းအောင်လှိုင်နှင့် အပေါင်းအပါ သားသတ်သမား စစ်ဗိုလ်ချုပ်တစ်စုမှာဆတ်ခနဲခေါင်းထောင်ကြည့်မိရုံကလွဲ မျက်နှာပင်တစ် ချက် မပျက်ကြပေ။
ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာပြည်သူများကို မငဲ့မညှာ အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီကို ပြစ်တင်ရှုတ်ချလိုက်ခြင်းမှာ အရေးပါသောအ မြောက်ကျည်တစ်တောင့်ဖြစ်ပြီး ထိုအမြောက်ကို ဩဂုတ်၂၃ရက်နေ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြန်မာ့ အရေး တံခါး ပိတ်အစည်းအဝေးကျင်းပပြီးနောက် ရှုတ်ချကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်၊ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအနက် အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာပိုင် တရုတ် နှင့်ရုရှားနိုင်ငံတို့က ထိုရှုတ်ချကြောင်းကြေညာချက်တွင်ပါဝင်ခြင်းမရှိ။ပြောရလျှင် တရုတ်နှင့်ရုရှားတို့က လုံ ခြုံရေးကောင်စီအဖွဲ့ဝင်၁၃နိုင်ငံ၏ တညီတညွတ်တည်းသော သဘောတူညီချက်ကို ပယ်ချသည်အထိ သွေးမရှိ သောကြောင့် ကြားနေလိုက်သည့်သဘောဖြစ်သည်။
ထိုပူးတွဲကြေညာချက်က မြန်မာစစ်ခေါင်းဆောင်များအနေနှင့်တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန်၊နိုင်ငံ တော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန်၊လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ထပ်မံ တိုက်တွန်းခဲ့ပြီး ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ကို အကောင်အထည်ဖော်ရန် လည်း ထပ်လောင်းတောင်းဆိုလိုက်သည်။
ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ဆိုသည်မှာ ၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၂၁ရက် နေ့၊မြန်မာ့အရေးလုံခြုံရေးကောင်စီအစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြုလိုက်သော ဆုံးဖြတ်ချက်ဖြစ် သည် ။တ ရုတ်၊အိန္ဒိယနှင့်ရုရှားတို့က မဲမပေးဘဲကြားနေကာ ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၂နိုင်ငံ၏ ထောက်ခံချက် ဖြင့် အတည်ပြုလိုက်နိုင်ခြင်းဖြစ်ပြီး မြန်မာ့အရေး မကြာခဏဆိုသလို တံခါးအလုံပိတ် ဆွေး နွေး ငိုက်မြည်းနေ ရာမှ တံခါးတစ်ချပ်ဖွင့်လိုက်နိုင်ခြင်းလည်းဖြစ်သည်။ထို့အပြင် ယင်းဆုံးဖြတ်ချက်သည် စစ် ကောင်စီတပ်၏ မ အောင်မြင်သောအာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အရေးကုလလုံခြုံရေး ကောင်စီ၏ ပထမ ဆုံးဆုံးဖြတ်ချက် ဖြစ်သလို ၇၄နှစ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုံ ခြုံရေးကောင်စီ၏ ပထမဆုံးအ ကြိမ် ဆုံးဖြတ် ချက် လည်းဖြစ်သည်။
မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ က အကြမ်းဖက်မှုများ ချက်ချင်း ရပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အ ပါ အဝင် နိုင်ငံရေးအကျဉ်းသားများ အား လုံးကိုလွှတ်ပေးရန်၊အာဆီယံသ ဘော တူညီချက်များကို အကောင် အ ထည် ဖော်ရန်၊ ၊မြန်မာပြည်သူတို့၏ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လေး စားလိုက်နာရန်၊ စာနာမှုအကူအ ညီများကို အကန့်အသတ်မရှိ ခွင့်ပြုပေးရန် စသည့် အချက်များတောင်းဆိုခဲ့သည်။
သို့သော်၊တောင်းဆိုမှုများကိုမဖော်ဆောင်လျှင် မည်သို့ အရေးယူမည်ဆိုသည့် နောက်ဆက်တွဲလုပ် ငန်းစဉ်များမပါ။တောင်းဆိုမှုများကို တောင်းဆိုခြင်းမျှသာဖြစ်ပြီး ဖော်ဆောင်ခြင်းမရှိလည်း ပြဿနာမရှိသည့် သဘော။ထို့ကြောင့်ပင် ထိုဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးမကြာ ဒီဇင်ဘာ၂၃ရက်တွင် စစ်ကောင်စီခန့် နိုင်ငံ ခြားရေးဌာနက ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို လက်မခံ ကြောင်း ထုတ်ပြန်ကာ အတိအလင်းစိန်ခေါ်ခဲ့သည်။
လုံခြုံရေးကောင်စီ၏မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉တွင် အကြမ်းဖက်မှုများချက်ချင်းရပ်ရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီက ၂၀၂၃ခုနှစ်၊ဧပြီ၁၁ရက်တွင်ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာသို့ လေကြောင်းမှ ဗုံးမိုး ရွာ ပစ်ခတ် ခဲ့ရာ အရပ်သားပြည်သူ ရာနှင့်ချီ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။ယင်းသို့သော သတ် ဖြတ်မှုကို လုံခြုံ ရေး ကောင်စီက တံခါးပိတ်ဆွေးနွေးခဲ့ပြန်သော်လည်း သဘောတူညီမှုမရသဖြင့် ဝမ်းနည်း ကြောင်းကြေညာချက်ပင် မထွက်။ဗီတိုအာဏာပိုင် တရုတ်နှင့်ရုရှားက စစ်ကောင်စီ ကာယကံမြောက်ထိခိုက် လာနိုင်မည့် ခြေ လှမ်းများကို တင်းတင်းရင်းရင်း ပယ်ချလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် လုံခြုံရေးကောင်စီ သည် စစ်ကောင်စီဂရုစိုက်စရာ မလိုသော ကမ္ဘာ့အဆင့်အာဏာပိုင်အဖွဲ့သာလျှင်ဖြစ်၍နေသည်။
လုံခြုံရေးကောင်စီသည် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးရန်သာတတ်နိုင်သည်။တံခါးပိတ်ဆွေးနွေး ပွဲများအပြီးတွင် စစ်ကောင်စီကိုကြေညာချက်ထုတ် ကန့်ကွက်ခြင်းမျိုးလည်း လုပ်နိုင်သည်။သို့သော်၊လုံခြုံရေး ကောင်စီ၏ကန့်ကွက်မှုမှာ နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် အရှက်မရ ဂုဏ်သိက္ခာမကျရလေအောင် သူ့ အတွက်သူ ကန့်ကွက်ခြင်းမျိုးသာဖြစ်၍ မြန်မာ့အရေး လုံခြုံရေးကောင်စီ၏အခန်းကဏ္ဍမှာ အသံကောင်းဟစ် ရုံမျှသာဖြစ်သည်။
လုံခြုံရေးကောင်စီသည် တံခါးပိတ်ဆွေးနွေးလိုက်၊ကြေညာချက်ထုတ်ကန့်ကွက်လိုက်ဖြင့် အမှန်အ ကန်ပစ်ခတ်မှုရှိသော်လည်း အသံသာရှိပြီး အဆံမရှိသော သင်္ကြန်အမြောက်အဖြစ်သာ ဆက်လက်စ ခန်းသွား နေမည်သာဖြစ်သည်။