အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်ရထား၊လျှပ်စစ်ကားနှင့်မြေအောက်ရထား တို့ဖြင့် တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း စိတ်ကူးယဉ်လက်သီးလက်မောင်းတန်းခဲ့သမျှ တောက် လျှောက်ဆိုသလို တိုးတက်နေသည်မှာ ကုန်ဈေးနှုန်းသာလျှင်ဖြစ်သည်။
အာဏာသိမ်းမှုကိုလက်မခံ ပြင်းပြင်းထန်ထန် မုန်တိုင်းထန်ငြင်းဆန်ခဲ့ကြသော ပြည်သူများကို စစ် ကောင်စီက ရန်သူဟု အတိအလင်းမှတ်ယူသည်။မြန်မာနိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ တူ မီး၊လုပ်သေနတ်နှင့်ရရာလက်နက်စွဲကိုင်ကာ စစ်မိစ္ဆာများကို တော်လှန်ကြသည့်အခါ များစွာသောပြည်သူတို့ က ငွေအားထောက်ပံ့ဝိုင်းဝန်းထမ်းတင်ခဲ့ကြရာ စစ်ကောင်စီတို့ ပြည်သူအပေါ်ပိုအငြိုးကြီးလာကာ တွေ့ရာသ င်္ချိုင်းဓားမဆိုင်းမူကို ကျစ်ကျစ်ပါ ဆုပ်ကိုင်လိုက်တော့သည်။
ပြည်သူများအဆင်ပြေနေလျှင် တော်လှန်ရေးအပေါ်အာရုံညွှတ်ကာတော်လှန်ရေးအတွက်သာအ ထောက်အပံ့ပြုမည်ဟု စစ်ကောင်စီက ခံယူသည်။ပြည်သူများအဆင်မပြေ၊ပြည်သူများ စီးပွားရေးကျပ်တည်း ပြီး ရာဇဝတ်မှု ပေါများနေပါက နေ့စဉ် မလုံမခြုံဘဝဖြင့် အစာအိမ်မီးတောက်လောင်နေပြီး ထမင်းနပ် မှန်ရေး ကိစ္စတွင်သာ ပြည်သူများနစ်နေမည်ဟု စစ်ကောင်စီက မှတ်ယူသည်။ပြည်သူများငတ်ပြီး စစ်ကောင်စီ က ရပ် တည်နိုင်သည့်အဆင့်ဆိုလျှင် ပြည်သူမပေးသောအာဏာကို ကောင်းကောင်းခွစီးနိုင်မည်ဟုလည်း စစ် ကောင် စီက စိတ်ကူးယဉ်ခဲ့သည်။
ထို့ကြောင့် မအောင်မြင်သောအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဆုတ် ခွာတော့ မင်းအောင်လှိုင် ခါးထောက်ကာ ဟားတိုက်မပျက်။မြို့ပြ အလုပ်လက်မဲ့ဘဝ များလာတော့ နည်း တောင်နည်းသေးသည်ဟုသဘောထားသည်။ကုန်ဈေးနှုန်းတရိပ်ရိပ်တက်ပြီး ငွေရှာရခက်နေသည့်အချိန် မြို့ ပြတွင် အထိုင်ကျပြီးသားရပ်ကွက်များကို ကျူးကျော်ဟုဆိုကာ အဓမ္မဖျက်သိမ်းအကြမ်းဖက်ခြင်းဖြင့် စား ဖို့ရာ ပူနေရသောပြည်သူများကို နေဖို့ပါ ထပ်ပူပန်ရစေသည်။တော်လှန်သောကျေးလက်ဒေသများကိုလည်း ယနေ့ ထိ တိုင်မီးလောင်တိုက်သွင်းကာ ဒေသခံတို့၏ ဘဝအား အစွမ်းကုန်ချေမွလျက်ရှိသည်။
စစ်ကောင်စီ၏ရည်ရွယ်ချက်အတိုင်း များစွာသောပြည်သူတို့မှာ ဆင်းရဲကျပ်တည်းခြင်းဒဏ်ကို ခံစား ခဲ့ရသလို ဇူလိုင်လနောက်ဆုံးပတ်မှစ၍ အရှိန်မြှင့်ထောင်တက်လာသော ကုန်ဈေးနှုန်းဒဏ်ကို အပြင်းအထန်ခံ စားနေရပြီဖြစ်သည်။ယခုရက်ပိုင်းအတွင်း ပြည်သူတို့၏အခြေခံစားကုန် စားအုန်းဆီဈေးမှာ တစ်ဆယ်သားကို ကျပ်၁၀၀၀ကျော်သွားပြီဖြစ်သလို ဆန်တစ်အိတ်ဈေးမှာလည်း ကျပ်၅၀၀၀မှာ ကျပ်၁၀၀၀၀အထိ ရုတ်ချည်း ခုန်တက်ခဲ့သည်။
ကုန်ဈေးနှုန်းအခြေအနေမှာ စစ်ကောင်စီမျှော်လင့်ထားသလို ပြည်သူများ ခက်သထက် အခက်တွေ့ စေ သည်မှာ သေချာသော်လည်း စစ်ကောင်စီ၏ရပ်တည်နိုင်စွမ်းကိုပါ ထိုးနှက်ခံနေရခြင်းမှာ စစ်ဗိုလ်ချုပ်တို့မ မျှော်လင့်ထားသော အင်အားပြင်းငလျင်ဖြစ်သည်။
ဇွန်လ၂၁ရက်နေ့၊အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့နိုင် ငံခြားကုန်သွယ် မှု ဘဏ် (MFTB)နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အရေးယူ ပိတ်ဆို့မှုနှင့်အနောက်အုပ်စု၏ ပိတ်ဆို့မှုကြောင့် အမေရိကန်ဒေါ်လာသန်း၅၀၀ ပြည်ပတွင် ပိတ်မိနေခြင်းတို့ အရ ဆတ်ဆတ်ခါသွားသောစစ်ကောင်စီမှာ မင်းအောင်လှိုင်၏ အဆင်ခြင်မဲ့ ၂သောင်းတန်ထုတ်ဝေမည်ဆို သော သတင်းအရ ဇူလိုင်၂၄ရက်တွင်ငွေလဲနှုန်းတစ်ဒေါ်လာလျှင် ကျပ်၃၃၇၀သို့ ခုန်တက်သွားတော့သည်။ဇူ လိုင်၂၄ရက်မတိုင်မီက တစ်ဒေါ်လာ ကျပ်၂၉၀၀ ဝန်းကျင်ရှိခဲ့ရာမှ ၃၃၇၀သို့ ခုန်တက်သွားခြင်းဖြစ်ပြီး ဩဂုတ်၁၈ရက် နေ့တွင် ၄၀၁၀ သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ထို့အပြင် မအောင်မြင်သောအာဏာသိမ်းမှု မစ တင်မီ ပြည်သူ့ အစိုးရလက်ထက်က ရွှေတစ်ကျပ်သား ၁၃သိန်းသာရှိခဲ့ရာမှ ဩဂုတ်၁၈ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၃၉သိန်းကျော်သွားပြီဖြစ်သည်။
ယခင့်၊ယခင်များက ဒေါ်လာဈေး ခုန်တက်လာလျှင် စစ်ကောင်စီဗဟိုဘဏ်က ဈေးကွက်ထဲသို့ ဒေါ် လာ ထုတ်ရောင်း ခြင်းနည်းဖြင့် ရှေ့ဆက်မတက်အောင် ဇက်ကြိုးသတ်နိုင်ခဲ့သော်လည်း ယခုအခါ ဒေါ် လာ ထုတ်ရောင်းနိုင်ခြင်းမရှိ။အကဲခတ်တို့ ရှုမြင်သလို ဒေါ်လာငတ် အကျပ်ရိုက်ကာ ထိန်းမနိုင်တော့သည့် ငွေ ကြေး ဖောင်းပွမှုကို စစ်ဗိုလ်ချုပ်တို့ ငုတ်တုတ်ထိုင်ကြည့်နေပြီလားဟု မေးခွန်းထုတ်ရပါတော့မည်။
ယင်းအပေါ် နောက်တစ်မျိုးဖွင့်ဆိုရသော် စစ်ကောင်စီ၏ ကျဆုံးခန်းမှာ သိပ်မဝေးတော့ကြောင်း သတင်းပေးပို့ချက်ဖြစ်သည်။ပြည်သူ-ပြည်သူချင်း ဖေးမကူ တွဲလက်ခိုင်စွာဖြင့် ဆက်လက်တောင့်ခံကြရန် လိုပါသည်။သင်္ချိုင်းသို့သွားနေသော စစ်ကောင်စီ၏ခြေလှမ်းမှာ ပိုမြန်လာနေပြီဖြစ်သည်။