တိရစ္ဆာန်တစ်ကောင်၏မွေးနေ့ဟုဆိုကာ ထိန်းမနိုင်သိမ်းမရ ဆင်ခြင်ဉာဏ်ကင်းမဲ့လှသော မင်းအောင် လှိုင်၏ မိုက်ကန်းကန်းလုပ်ရပ်က ဆင်းရဲတွင်းနက်နေသော မြန်မာပြည်သူတို့ကို ထပ်မံဆွဲနှစ်ခဲ့ပြန်သည်။
ဆင်ဖြူဟု မင်းအောင်လှိုင်သတ်မှတ်ထားသော ဆင်လေးတစ်ကောင်၏ တစ်နှစ်ပြည့်မွေးနေ့ အထိမ်း အမှတ်အဖြစ် ပြည်သူသတ်၊ဗုံးမိုးရွာနေသော မင်းအောင်လှိုင်က သူ့ကိုယ်သူ မင်းကောင်းမင်းမြတ်ဟု သူ့ဘာ သာ အထင်ရောက်စေမည့် လှည့်ဖျားမှုအဖြစ် နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေကာ ကြီးကျယ်ခမ်းနားပြ တော့ သည်။
နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေတော့မည်ဟု စတင်ကြေညာလိုက်သည့် ဇူလိုင်၂၄ရက်မှစတင်ကာ အခုန်မြန်လှသည့် ငွေလဲနှုန်းက ယခုကျပ်၃၃၇၀ သို့ပင် ရောက်ရှိပြီဖြစ်သည်။ဇူလိုင်၂၄ရက်မတိုင်မီ ကန်ဒေါ် လာ နှင့် ကျပ်လဲနှုန်းမှာ ၂၉၀၀ ပတ်လည်တွင်သာ ရှိနေသဖြင့် ရုတ်ချည်း ထောင်တက်ချက်က ဖြုံရဖြစ် သည်။ ရွှေဈေးမှာ လည်း တစ်ကျပ်သားလျှင် ၃၆သိန်းအထိ မြင့်မြင့်မားမား။မအောင်မြင်သောအာဏာသိမ်းမှု မစ တင်မီ ပြည်သူ့ အစိုးရလက်ထက်က ရွှေတစ်ကျပ်သား ၁၃သိန်းသာရှိခဲ့ခြင်းမှာ မယုံနိုင်စရာပင် ကောင်း နေတော့ သည်။
ထုံးစံအတိုင်း ကုန်ဈေးနှုန်းတို့မှာလည်း မင်းအောင်လှိုင်၏ မိုက်ကန်းမှုဆွဲခေါ်ရာနောက် ကောက် ကောက်ပါ လှေကားထောင်တက်တော့သည်။၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီမှစ၍ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာ၊ ကြီးထွားလာသောအလုပ်လက်မဲ့ပြဿနာ၊ကြက်ယက်သလို ငွေအရှာခက်လာခြင်းပြဿနာနှင့် စစ်ကောင်စီ တပ် အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်းတို့ကြောင့် လောကဓံပတ်လည် ဝန်းရံခြင်းခံနေရသော မြန်မာ ပြည်သူ တို့မှာ သန်းခေါင်ထက်ညမနက်တော့ပါဟု တောင့်ခံကြွေးကြော်ရုံကလွဲ အခြားမရှိတော့ပေ။
နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူပိတ်ဆို့မှုကြောင့် ဒေါ်လာအငတ်ဘေးသင့်နေသလို ဝင်ငွေရ ပေါက်ရလမ်း တဖြည်းဖြည်းခမ်းခြောက်လာခြင်းနှင့် ပြည်သူသတ်ရန် စစ်လက်နက်နှင့်စစ်စရိတ် နင့်နေခြင်းစ သည့် အထွေထွေအကျပ်အတည်း များကြောင့် တိုင်းပြည်စီးပွားရေးမှာ အရေးပေါ်ခန်းထဲ ပက်လက်မြော လျက်ရှိသည်။
ယင်းသို့သောအခြေအနေတွင် နှစ်သောင်းတန်ငွေစက္ကူကို မည်သို့သောအကြောင်းကြောင့်ထုတ် သည်ဖြစ်စေ၊ကျပ်ငွေတန်ဖိုး ဇောက်ထိုးဆက်ဆင်းရန်အတွက် မီးလောင်ရာလေပင့်တော့မည်ကို ဆင်ဖြူစိတ္တ ဇ၊အာဏာနှင့်ယတြာကြောင့် စုံလုံးကန်းနေသော မင်းအောင်လှိုင်မသိနိုင်သော်လည်း မင်းအောင်လှိုင်ပတ် လည် ဒူးတုပ်ခံစားနေကြသော ပုဂ္ဂိုလ်ကြီး၊ငယ်တို့မှာ မသိစရာအကြောင်းမရှိပေ။
သို့သော်၊မည်သူကမှ တုပ်တုပ်မလှုပ်။ဓားထက်ပြီး မလုပ်ရဲတာဘာမှမရှိသော မင်းအောင်လှိုင်၏ ရူး သွပ်မှုကို မည်သူကမျှ မထိန်းနိုင် မတားရဲ။ယင်းမှာ မြန်မာပြည်သူ တို့ တူးခါးနေသောအာဏာရှင်တို့ရဲ့ စရိုက် လက္ခဏာပင်ဖြစ်သည်။
ထို့ကြောင့်ပင်ယခုမင်းအောင်လှိုင်တည်ခဲ့သည့် အများက ယတြာဘုရားဟုသိမှတ်ကြသော ကျောက်ဆင်းတုဘုရား ဆိုလျှင်လည်း တစ်တိုင်းပြည်လုံး စီးပွားပျက်ကပ်နှင့်ကြုံနေသည့်အချိန်တွင် အမေရိကန်ဒေါ်လာသန်း၄၀အထိ အကုန်ကျခံခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က သူ့ကိုယ်သူ မင်းကောင်းမင်းမြတ်၊သာသနာပြုမင်းအဖြစ် သတ်မှတ်ချင်ရုံတင်မက တစ်ချက်ခုတ်နှစ်ချက်ပြတ် အာဏာတည်မြဲရေးယတြာအဖြစ်လည်း ကြောက်ရွံ့ထိတ်လန့်နေသောစိတ်ကို ကု စားရန် ဘုရားတည်ခဲ့ခြင်းဖြစ်သည်။
ဩဂုတ်၁ရက်နေ့တွင် ဟုတ်လှပြီထင်နေသော မင်းအောင်လှိုင် ဘုရား ဒါယိကာကြီးအဖြစ် အနေက ဇာတင်အခမ်းအနား အကြီးအကျယ်ကျင်းပကာ ဂုဏ်ခံသည်။ထိုသို့ ဂုဏ်ခံနေသောအချိန်တွင် သံဃမဟာနာ ယက ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ ကရေစက်ချတရားဟောကြားရာ၌ လက်သုံးချောင်းထောင်ကာ ဗုဒ္ဓတ ရားလိုက်နာစရာ အချက်၃ချက်သာရှိကြောင်းယင်း၃ချက်မှာ မကောင်း သော အလုပ်ကို မလုပ်ရန်၊ကောင်းသော အလုပ်ကို လုပ်ရန်နှင့် စိတ်ကိုဖြူစင်အောင်ထားရန် တို့ဖြစ်ကြောင်း ၄မိနစ်ကျော်ကြာဟောကြားလိုက်သည့်အ ခါ ဘုရားယောင်ယောင် မင်းအောင်လှိုင်ခမျာ လက်အုပ်လည်းမချီ နိုင်၊ သာဓုလည်းမခေါ်နိုင် ထိန်းမနိုင်သော အာဏာရှင်စရိုက်က ချက်ချင်းထွက်ပေါ်လာတော့သည်။
အာဏာရှင်တို့မည်သည် ၎င်းတို့လုပ်သမျှအမှန်၊၎င်းတို့လုပ်သမျှ ချီးမြှောက်ရန်သာတောင်းဆိုလျက်ရှိ ပြီး ၎င်းတို့အပေါ် ဆန့်ကျင်သည်ဟုမြင်ပါက ထိန်းမနိုင်သိမ်းမရဖြင့် ရူးမိုက်မြဲဖြစ်သည်။မင်းအောင်လှိုင်ကဲ့သို့ အာဏာရှင်ဖြစ်ရန် သွေးသံတရဲရဲဖြင့် ရုန်းကန်နေရသူအတွက် ဆိုဖွယ်ရာမရှိ ဆတ်ဆတ်ထိမခံ။မင်းအောင် လှိုင်၏ဆင်ခြင်ဉာဏ်မှာ နှစ်သောင်းပင်မတန်ကြောင်း သက်သေပြနေပေသည်။