အပူဒဏ်ကို အန်တုနေရတာပါကွယ်ဆိုပြီး မီးပူပူမှာ အကြော်ကြော်နေတဲ့ အမျိုးသမီးတစ်ဦးက ငြီးတွားလိုက်ပါတယ်။ သူကတော့ အသက် ၄၈ နှစ်အရွယ် မတင်လေးမာပါ။ အများကတော့ ချစ်စနိုးနဲ့ မရိုစီလို့ ခေါ်ကြပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကနေ ဆယ်စုနှစ်တစ်စုစာ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အစိုးရဝန်ထမ်း ခင်ပွန်းသည်နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာတော့ မရိုစီရဲ့ဘဝဟာ တဆစ်ချိုးပြောင်းလဲခဲ့ပါတော့တယ်။
သပိတ်ကျင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုး အပစ်ခံရပြီး သေဆုံး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုးအပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ မေလနှစ်ရက်၊ညနေပိုင်းတွင် မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်သည့်အပြင် မိုးကြိုးလည်း ပစ်ရာ ကြာညှပ်တိုက်နယ်၊ကိုးပင်ရွာအနီးရှိ တောင်ယာခင်းတစ်ခု၌ စစ်ရှောင်နေသော ပြည်သူ ၁၂ ဦး တို့...