ကိုဗာဟု (ရွှေ့ပြောင်းလုပ်သား)
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်လာသည့်နောက် လူငယ်တွေများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
ထိုထဲတွင် ကိုဗာဟု တစ်ယောက်လည်း ပါဝင်ခဲ့သည်။ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ မဲဆောက်မြို့ကို ရောက်ရှိနေပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန် ရပ်တည်နေရသည်။