ဆလိုင်းယောမာန် (ချင်းအမျိုးသားကောင်စီ(မင်းတပ်)ပြောရေးဆိုခွင့်ရှိသူ)
ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်များ၊ ချင်းလွှတ် တော်ကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့ ကိုကယ်စားလှယ်များ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များ စုစုပေါင်း ၂၃၅ ဦးဖြင့် ချင်းပြည်နယ်၊ Victoria Base တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ၄ ရက်တာကျင်းပခဲ့သည်။
ယင်းညီလာခံတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၁၁ နာရီခွဲတွင် အ တည်ပြုခဲ့ပြီး ချင်းပြည်ကောင်စီကို ဒီဇင်ဘာလ ၆ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အတည်ပြုဖွဲ့စည်းခဲ့ ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။
ချင်းပြည်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်မှာ (က) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ (ခ) နိုင်ငံရေးနှင့်အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရန်၊ (ဂ) ဒီမိုကရေစီစနစ် တည်ဆောက်ရန်ဟု ထုတ်ပြန်ထားသည်။
ယင်းအပြင် ချင်းပြည်ကောင်စီသည် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည်တရားလွှတ် တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ချင်းပြည်ကောင်စီညီလာခံကို မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့အား ကိုယ် စားပြုသည့် နိုင်ငံရေးနှင့်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland)တို့ တက် ရောက်ခဲ့ခြင်းမရှိကြောင်းသိရသည်။
ချင်းပြည်ကောင်စီညီလာခံသို့ မတက်ရောက်ခဲ့ရခြင်းအကြောင်းနှင့် အနာဂတ်တွင် ချင်းပြည်နယ်ကို မည် သည့်ပုံစံမျိုးဖြင့် တွေ့မြင်ရနိုင်မလဲဆိုသည်ကို ချင်းအမျိုးသားကောင်စီ(မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ဆ လိုင်းယောမာန်ကို MPA က ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ချင်းလန်းကောင်စီညီလာခံကို ဆရာတို့ချင်းလန်းကောင်စီ(မင်းတပ်)အနေနဲ့ မတက်ရောက်ခဲ့ဘူး လို့သိရပါတယ်။ ဘာကြောင့် မတက်ရောက်ခဲ့တာလဲ။
ဖြေ။ ။ အဓိကကတော့ ချင်းလန်းကောင်စီရဲ့ ညီလာခံအစည်းအဝေးက တန်းတူညီမျှမှုမရှိတဲ့အပြင် ချင်း အမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်မှုမပေးနိုင်ဘူးပေါ့နော်၊ အဲ့ဒီလိုမျိုးယူဆလို့ပါ။ စောသေးတယ်ပေါ့လေ။ တစ်ခြား issue တွေရှိတာကို ကြေကြေလည်လည်မဆွေးနွေးကြသေးဘဲနဲ့ ဖြစ် ရမယ်၊ ဖော်ရမယ်၊ သူများတွေဒီလိုလုပ်နေပြီ ကိုယ်လည်းဒီလိုလုပ်မှဖြစ်မယ်ဆိုတဲ့ပုံစံနဲ့ အစောတလျင် လုပ်တဲ့သဘောလည်း မြင်လို့ပါ။
မေး။ ။ချင်းလန်းကောင်စီညီလာခံကနေ ချင်းလန်းကောင်စီဖွဲ့စည်းကြောင်းနဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုအတည်ပြုကြောင်း မနေ့ကထုတ်ပြန်လာတာတွေ့ရတယ်။ အဲ့ဒီအပေါ်မှာရော ဆရာတို့အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ချင်းလန်းကောင်စီ ပထမ(အကြို)ညီလာခံဆိုတာကို ပြီးခဲ့တဲ့စက်တင်ဘာလကလုပ်တယ်။ ကျွန် တော်တို့တက်ရောက်ပါတယ်။ တက်ရောက်တုန်းကလည်း ကျွန်တော်တို့ကအရင့်အရင်မှာလည်းပဲ ICNCC ကနေပြီး Chinland Constitution လုပ်ဖို့ကြိုးစားတယ်။ အဆင်မပြေဘူး။ အဆင်မပြေတော့ CJDC ကနေလုပ်လာတယ်။ ဒါလည်းအဆင်မပြေဘူးဆိုတော့ ICNCC နဲ့ CJDC ပူးပေါင်းပြီးမှလုပ်တယ်။ ဒါလည်းအဆင်ပြေခါနီးမှာ အဆင်မပြေဘူး။ နောက်ဆုံးတော့ ဒီချင်းလန်းကောင်စီအထိရောက်လာတယ် ပေါ့နော်။ ကျွန်တော်တို့ဆို သူတို့ဖိတ်ကြားတဲ့အခါတိုင်း မတက်ရောက်ဖြစ်တာများတယ်။ မတက်ရောက် ဖြစ်တာများတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။ တက်ရောက်ချင်သော်ငြားလည်း ယုံ ကြည်မှုကောင်းကောင်းတည်ဆောက်လို့မရတဲ့ပုံစံတွေဖြစ်တာကြောင့် မတက်ရောက်ဖြစ်ဘူး။ နောက် ဆုံးတစ်ကြိမ်ကတော့ ကျွန်တော်တို့အားလုံးဝိုင်းတက်ရောက်ကြတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလုပ် တဲ့ ညီလာခံမှာပေါ့လေ။ တက်ရောက်တဲ့အခါကျတော့ သူတို့ရဲ့အခြေခံမူထွက်လာတယ်။ အဲ့ဒီမူကို ကျွန် တော်တို့ဝိုင်းဆွေးနွေးကြတယ်။ ဝိုင်းဆွေးနွေးတဲ့အထဲမှာလည်း ကျွန်တော်တို့ ပြုပြင်စရာတွေအများကြီး ရှိသေးတယ်။ လက်မခံနိုင်စရာတွေ၊ ညှိနှိုင်းစရာတွေ အများကြီးရှိသေးတယ်ဆိုတဲ့ open emendate တွေနဲ့ထားခဲ့ရတဲ့အပိုဒ်တွေအများကြီးရှိတယ်။ အဲ့ဒါနဲ့ ဒုတိယအကြိမ်ဒီလိုပြန်လုပ်တော့လည်း အခုနက လိုမျိုး အများကြီးဆွေးနွေးစရာကျန်သေးတယ်။ အလျှော့အတင်းလုပ်စရာတွေ ကျန်သေးတယ်။ ဒါပေ မယ့် ဒီအတိုင်းပဲပေါ့နော် ဆက်လက်ဆွေးနွေးတာမျိုး၊ အလျှော့အတင်းလုပ်တာမျိုးမရှိတော့ဘဲနဲ့ တစ်ခါ တည်း အတည်ပြုလိုက်တဲ့ပုံစံတော့ဖြစ်သွားတာပေါ့။
မေး။ ။ရှေ့ဆက်ပြီး အနာဂတ်မှာရော ချင်းပြည်အနေနဲ့ ဘယ်လိုပုံစံမျိုးမြင်တွေ့နိုင်မယ်လို့ ဆရာတို့အနေ နဲ့ ယူဆသလဲ။
ဖြေ။ ။ ကျွန်တော်တို့အဆင်ပြေမှာပါ။ အားလုံးပြောနေကြတာရှိပါတယ်။ လမ်းချင်းတူရင် လူချင်းဆုံမှာ ပေါ့နော်။ တကယ်တမ်းဆို ကျွန်တော်တို့ လူ့အခွင့်အရေးကို သွားရမယ့်လူတွေလေ။ ဒီမိုကရေစီစံနှုန်းနဲ့ သွားရမယ့်လူတွေဆိုတော့ အဲ့ဒီဘက်ကို တကယ်အပြည့်အဝသွားနိုင်တယ်။ ပြည်သူလူထုကိုတကယ် ချ ပြနိုင်တယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုရနိုင်တယ်ဆိုရင် အဆင်ပြေမှာပါ။ ကျွန်တော်ကတော့ ပြသနာ လို့မမြင်ပါဘူး။ အခုနကလိုမျိုး စိတ်စောကြတာမျိုးပေါ့နော်။ ချင်းလန်းကောင်စီက ဒီလိုတက်လာပြီ။ ဥပမာဆိုပါစို့၊ ချင်းလန်းကောင်စီရဲ့ အခန်း (၁၀)၊ အထွေထွေပြဌာန်းချက်မှာဆို အခုအတည်ပြုလိုက်တဲ့ ချင်းလန်းကောင်စီသည် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နှင့် ၎င်း၏လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူသည်ဟု မှတ်ယူရမည် ဆိုတော့ အကုန်လုံး ICNCC ကို လွှဲပြောင်းရယူသည်ဟု မှတ်ယူရ မယ်လို့ ပြဌာန်းထားတယ်။ ဒါပေမဲ့ ICNCC ရဲ့ consistent လည်းမရှိဘူး။ ICNCC ကပဲ မနေ့ညက စာပြန် ထုတ်လာတယ်ပေါ့နော်။ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏ လုပ်ငန်းတာဝန်များကို မည် သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကမှ ဖျက်သိမ်းပိုင်ခွင့်လုံးဝမရှိကြောင်းနဲ့ မည် သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကိုမှ လွှဲပြောင်းပေးခြင်းပြုလုပ်မည်မဟုတ် ကြောင်း ဆိုပြီးမှလေ။ တစ်ဖက်က ICNCC က Legitimate ဖြစ်တယ်။ မြန်မာနိုင်ငံမှာ CRPH၊ NUG နဲ့ NUCC ကနေတဆင့် အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ပေါ့နော်။ ချင်းပြည်နယ်မှာ နိုင်ငံရေး ဦးဆောင်မှုပေးဖို့ပေါ့။ အဲ့ဒီအပိုင်းမှာလည်း နည်းနည်းစိတ်စောပြီးတော့ အစောတလျင်လုပ်ကြတဲ့ ပုံစံ လည်းဖြစ်တော့လေ အဲ့ဒါလေးတွေမှာ ဆွေးနွေးစရာလေးတွေရှိဦးမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က တော့ အရွေ့တစ်ခုလို့မြင်ပါတယ်။ နည်းနည်းငြိမ်နေတဲ့ဟာလေးတွေ မငြိမ်တော့ဘဲနဲ့ ဆွေးနွေးစရာလေး တွေဖြစ်လာတယ်။ သေချာတာကတော့ ချင်းပြည်မှာ အစိုးရ(၂)ရပ်နဲ့ ဖော်ဆောင်ချင်သလို ဖော်ဆောင် လို့တော့မရဘူးလေ။ ဆွေးနွေးကြမှာပဲ အားလုံးပေါ့နော်။ ကဲဘယ်လိုလုပ်ကြမလဲဆိုတဲ့ ပုံစံလေး။ ပြည်သူ လူထုကလည်း ဘယ်သူ့ကိုဘယ်လိုယုံကြည်သလဲဆိုတာလည်း ရှိမှာပဲ။ အဲ့ဒီအချက်လေးတွေပေါ့လေ။ ပြီးတော့ နောက်ဆုံးတစ်ခုက ပြီးခဲ့တဲ့ချင်းလန်းကောင်စီညီလာခံကိုမသွားရခြင်း အကြောင်းအရင်းက မြေပြင်မှာတကယ်တော်လှန်ရေးလုပ်နေတဲ့ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကို ချန်လှပ်ထားတာတွေ ရှိတယ်။ သူတို့တွေလည်း ပါဝင်သင့်တယ်ပေါ့နော်။
မေ။ ။ ဟုတ်ကဲ့ နောက်ထပ်ဖြည့်စွက်ပြောလိုတာရှိရင် ပြောပါဦး။
ဖြေ။ ။ ဒါပါပဲ။ ဒီလောက်ပါပဲ။ အများကြီးပြောစရာမရှိပါဘူး။ ဒါဝိုင်းဝန်းဆွေးနွေးအဖြေရှာရမယ့်သဘော ပါပဲ။ အဆိုးကြီးရယ်လို့မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြတယ်လည်းမဟုတ်ပါ ဘူး။ သဘောထားကွဲလွဲကြတယ်။ စားပွဲဝိုင်းမှာဆွေးနွေးအဖြေရှာကြရမယ့်သဘောပါပဲ။ စားပွဲဝိုင်းရဲ့ကွဲ လွဲမှုပါ။