ရသေ့တောင်မြိုနယ်၊ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို နှစ်ဘက်နားမှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သော ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။
၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့မှ စတင်ကာ နှစ်ဘက်နားမှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သော ရက္ခိုင့်တပ်တော် အေအေနှင့် စစ်ကောင်စီတပ်တိုသည် တစ်နှစ်မပြည့်မီ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။