“ အလံတော်လွှင့်ထူခဲ့တယ်ဆိုတာကလေ ပြည်သူလူထုရဲ့ဆန္ဒ၊ ပြည်သူလူထုရဲ့ အချုပ်အခြာ၊ ပြည်သူလူထုကို ကိုယ်စားပြုတာပေါ့နော်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေက ဆုံးရှုံးသွားတာ ကြာပြီ။ စစ်အာဏာရှင်တွေ မတရားလုယူသွားခဲ့တာပေါ့”
ဦးမောင်မောင်ဆွေ (NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့သိမ်းအောင်ပွဲ ဖော်ဆောင်နိုင်ခဲ့သည့် အခြေအနေ၊ လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများအပါအဝင် စစ်ကောင်စီတပ်၏ တုံ့ပြန်မှုများနှင့် ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေထံ MPA သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါသည်။