မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းတတိယလှိုင်းစတင်ပြီဟုဆိုနိုင်သည့်အခြေအနေတွင်ရှိနေပြီးစစ်တပ်လက်အောက်ခံကျန်းမာရေဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ဇူလိုင်လ၅ရက်နေ့တစ်ရက်တည်းတွင်အတည်ပြုလူနာ၂၉၀၀ကျော်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို MPAက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဆေးရုံကြီးမှာအောက်ဆီဂျင်၅၀အထက်ဆိုဘာကြောင့်လက်မခံတာပါလဲ။
ဖြေ။ ။ အဲ့ဒီဟာနဲ့ပတ်သက်ရင် အောက်ဆီဂျင်၅၀အထက်ဆိုမို့ပြန်လွှတ်တယ်တို့ဘာတို့အဲ့လိုမျိုးမရှိပါဘူး။ဘာဖြစ်လို့လည်းဆိုတော့နဂိုတည်းကိုကဆေးရုံကြီးတွေ (ဥပမာ) ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီ၊အင်းစိန်ဆေးရုံ၊အနောက်ပိုင်းဆေးရုံ၊ ဂျပန်ဖောဆေးရုံ၊ဖောင်ကြီးတို့မှာကုသပေးနေတာရှိတယ်။သို့သော် အောက်ဆီဂျင်ကျနေလို့ဆိုပြီးကျုတက်ချင်တဲ့ဆေးရုံ၊ ကိုယ်သွားချင်တဲ့ဆေးရုံကိုတန်းပြီးတော့ပြခွင့်မရှိပါဘူး။ ပြလို့လည်းမရပါဘူး။ လက်ခံလို့လည်းမရပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျမတို့ဒီလိုမျိုး မိမိသဘောနဲ့မိမိအိမ်မှာနေတယ် ။ ကိုယ့်သဘောနဲ့ ကိုယ်သမှုတွေလုပ်တယ်ပြီး အောက်ဆီဂျင် ကျတယ်ဆိုပြီး ဆေးရုံတွေရောက်လာရင် လူနာလက်ခံဖို့ဆိုတာ အကန့်အသတ်နဲ့ ရှိပါတယ်။ ကျမတို့မှာ စနစ်ကရှိပြီးသားပါ။ ပိုးတွေ့သံသယလက္ခဏာရှိတယ်ဆိုတာနဲ့ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနကို အကြောင်းကြာရမှာပဲ။ အလုံတို့ကြည့်မြင်တိုင်တို့မှာ နေတယ်ဆိုရင် သက်ဆိုင်ရာကျန်းမာရေးဌာနကို အကြောင်းကြားရမယ်။ သူကဘယ်နေ့ဘယ်အချိန် စစ်ပါဆိုရင်အဲ့မှာသွားစစ်မယ်။ သွားစစ်ပြီးလို့ ပိုးတွေ့တယ်ဆိုရင် လိုအပ်တာကိုပြောပေးမှာဖြစ်ပါတယ်။ ပိုးတွေ့တယ်ဆိုတိုင်း ဆေးရုံ တက်စရာမလိုပါဘူး။ သာမန်လက္ခဏာပဲဖျားတယ် အနံမရဘူးစသည်ဖြင့် အသက်ကလည်းငယ်တယ် နောက်ခံရောဂါလည်းမရှိဘူးဆိုရင် ပိုးတွေ့တဲ့သူတွေထားတဲ့ စင်တာတွေကိုပို့မှာဖြစ်ပါတယ်။ ရောဂါလက္ခဏာကလည်းပြင်းတယ် အသက်ကလည်းကြီးတယ်ဆိုရင်တော့ သူနဲ့သက်ဆိုင်တဲ့ ဆေးရုံကြီးတွေကိုပို့မှာဖြစ်ပါတယ်။ အဲ့လိုလုပ်တဲ့အချိန်မှာတယောက်တည်းလုပ်လို့မရဘူး စီမံခန့်ခွဲတဲ့ကော်မတီဆိုတာရှိပါတယ်။ အဲ့ကော်မတီနဲ့ဒီနေ့ဘယ်ဆေးရုံမှာတော့ဘယ်လောက်ရှိပြီ ဒီနေ့ဘယ်လူနာကိုတော့ယ်ကိုသွားရမယ်ဆိုတဲ့သတ်မှတ်ထားတာရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးကိုလာပြတယ်။ လာပြတော့လက်မခံဘူး။ ၅၀/၆၀ကျော်မှ မဟုတ်ပါဘူး။ နည်းစနစ်တကျလာတဲ့လူတွေကိုပဲလက်ခံပါတယ်။
မေး။ ။ အရပ်သားအစိုးရနဲ့စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကုသရေးလုပ်ငန်းစဥ်ကွာခြားမှုရှိပါသလား။
ဖြေ။ ။ အရင်ကကိုဗစ်လုပ်ငန်းစဥ်နဲ့ အခုလုပ်ငန်းစဥ်ကွားခြားမှုကတော့ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ နဂိုတုန်းကလည်းဒီလိုပါပဲ။ ဖြစ်လာပြီဆိုရင်သက်ဆိုင်ရာမြို့နယ်ဆေးရုံသွားရတာပါပဲ။အရင်တုန်းတော့ ဧရာစင်တာလိုမျိုးစစ်ဆေးတဲ့စင်တာရှိတယ်။အဲ့ဒီမှာဆိုရင် သတ်မှတ်ထာတဲ့မြို့နယ်တွေကနေသံသယလက္ခဏာရှိရင်ကြိုတင်ပြီးတော့ applicationကနေစာရင်းသွင်းရတယ်။အဲ့မှာ စစ်ပြီးရင်ပိုးတွေ့ရင်တွေ့တဲ့အလျောက်လိုက်ပြီးလုပ်ပါတယ်။ အခုကျတော့လောလောဆယ် မှာတော့ ကုသရေးစင်တာပေါ့။စစ်ဆေးတဲ့စင်တာတွေဟာလောလောဆယ်မရှိနေတဲ့အတွက်ကြောင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေနဲ့ဆက်သွယ်ရပါတယ်ဘာဖြစ်လို့ဆက်သွယ်ရလဲဆိုတော့လက်ရှိဖြစ်နေတဲ့ရောဂါသည်ကူးစက်ရောဂါဖြစ်ပါတယ်။ကူးစက်ရောဂါမှသာမန်ကူးစက်ရောဂါမဟုတ်ပါဘူး။ကမ္ဘာ့ကပ်ရောဂါဖြဟ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ်သတ်မှတ်ထားတဲ့ရောဂါဖြစ်လို့ ဒီလူပိုးတွေ့လို့ဒီလူအောက်ဆီဂျင်ကျနေလို့ ကုသရုံနဲ့တင်ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။။သူ့အိမ်မှာမိသားစုဝင်ဘယ်နှစ်ယောက်ရှိလဲစသည့်ဆက်စပ်တဲ့လူတွေကောက်ရပါတယ်။သူ့ကိုလည်းထိရောက်တဲ့ကုသမှုတွေပေးမယ်သူနဲ့ထိတွေ့တဲ့သူတွေကိုလိုက်နိုင်မှသာလျှင်ရောဂါကူးစက်မှုသံသရာပျောက်မှာဖြစ်ပါတယ်။အဲ့အခါကျတော့ ကျမတို့ရဲ့ချမှတ်ထားတဲ့လမ်းစဥ်အတိုင်းပဲ ကျင့်သုံးပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မေး။ ။ ကိုဗစ်တတိယလှိုင်းအတွက်ကျန်းမာရေးဝန်ထမ်းအလုံအလောက်ရှိပါသလား။
ဖြေ။ ။ တတိယလှိုင်းကတော့ မေလ၂၅ရက်နေ့ကစဖြစ်တာပဲဖြစ်ပါတယ်။မေလ၂၇ရက်နေ့မှာဆိုရင်၉၆ယောက်တွေ့တယ်။ နောက်ပိုင်းမှာရောဂါတွေ့ရှိသူ(၁၀) ရာခိုင်နှုန်းဝန်းကျင်အထက်ဖြစ်သွားတယ်။ မနေ့ကဆိုပိုးတွေ့တဲ့သူအများဆုံးပေါ့။ ရာခိုင်နှုန်းအားဖြင့်ဆို၂၈ရာခိုင်နှုန်းတွေ့တယ်။ စစ်ဆေးတဲ့၁၃၀၀၀လောက်စစ်နိုင်တယ်။ပိုးတွေ့တာပဲ ၃၆၀၀လောက်တွေ့တယ်ဆိုတော့။။ ဒါကတော့ စစ်တဲ့နှုန်းကလည်းများသလိုစစ်တဲ့နှုန်းကလည်းများတယ်။ငါးများများရှိတဲ့ကန်ထဲမှာ ပိုက်နဲ့ဖော်တော့ငါးများများပါတယ်ဒီသဘောပါပဲ။ ကျမတို့များများစစ်နိုင်ဖို့လိုပါတယ်များများစစ်မြန်မြန်ကုသမြန်မြန်ထောက်လှမ်းအဲ့တာမှသာလျှင်ကူးစက်မှုကိုရပ်တန့်မှာဖြစ်ပါတယ်။ အဲ့လိုလုပ်နိုင်ဖို့ကကျန်းမာရေးဝန်ထမ်းတင်မကပါဘူးအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုလည်းလိုပါတယ်။ ကျန်းမာရေးဝန်ထမ်းကတော့ဆေးကုသမှုပေးတဲ့ကိစ္စမှာပါဝင်ဆောင်ရွက်လို့ရပေမယ့်ကျန်တဲ့ကိစ္စတွေကတော့သက်ဆိုင်ရာ volunteerတွေအခြားသက်ဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီးမှလုပ်နိုင်တဲ့ကိစ္စပါ။ သဘောပေါက်မယ်ဆိုရင် ကျန်မာရေးဝန်ထမ်းတစ်ခုတည်းနဲ့လုပ်လို့မရဘူးဆိုတာတွေ့မှာဖြစ်ပါတယ်။ကျန်မာရေးဝန်ထမ်းကတော့လက်ရှိမှာဆိုစုစုပေါင်းဝန်ထမ်းရဲ့၆၀ရာခိုင်နှုန်းကတော့ပုံမှန်အတိုင်းအလုပ်ပြန်ဝင်နေပါပြီ။ဒါဆိုရင်စဥ်းစားဥာဏ်ရှိရင် ၁၀၀ရာခိုင်နှုန်းမဟုတ်ပဲ၆၀ရာခိုင်နှုန်းနဲ့လုပ်နေကြတဲ့အခါကြတော့လိုအပ်ချက်တွေရှိနိုင်ပါတယ်။
မေး။ ။ အောက်ဆီဂျင်နဲ့နှာခေါင်းစည်းပြဿနာကိုဘယ်လိုဖြေရှင်ဖို့စဥ်းစားပါသလဲ။
ဖြေ။ ။ အောက်ဆီဂျင်တွေပြတ်နေတယ်ဆိုတာကဘယ်နားမှာပြတ်တာလဲလို့ပဲပြန်မေးရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်သက်ဆိုင်ရာမြို့နယ်တွေမှာအောက်ဆီဂျင်ထုတ်လွှတ်တဲ့စက် ပေးထားပြီးဖြစ်ပါတယ်။ သို့သော်ထုတ်နိုင်တဲ့ပမာဏနဲ့သုံးတဲ့ပမာဏအရလိုအပ်ချက်ရှိနိုင်ပါတယ်။ အဲ့တော့အောက်ဆီဂျင်ပြတ်တယ်လို့ခြုံပြီးတော့ပြောလို့မရပါဘူး။ လိုအပ်ချက်ရှိတဲ့နေရာတွေမှာ လိုအပ်နိုင်ပါတယ်။ အောက်ဆီဂျင်မလိုပဲနဲ့လိုရမယ်ရအောက်ဆီဂျင် ဝယ်စုထားမယ်ဒီလိုလူတွေအတ္တသမားတွေရှိနေရင်လည်းအောက်ဆီဂျင်လိုအပ်ချက်ကတော့ရှိနိုင်ပါတယ်။ အောက်ဆီဂျင်တို့ကုသမှုတွေကမိမိသဘောနဲ့ ကုသရတဲ့ကိစ္စမဟုတ်ဘူးဆေးကျောင်းမှာ၇နှစ်တက်ပြီးရုံံနဲ့လည်းမရပါဘူး။အလုပ်သင်ဆရာဝန်တစ်နှစ်တက် ပြီးရင်ဆေးရုံတွေမှာ လက်ထောက်ဆရာဝန်ဘဝနဲ့အများကြီးဆည်းပူးလေ့လာမှာသာ ရတဲ့ပညာကိုတချို့တွေက ကိုယ့်ဘာသာတတ်ယောင်ကားနဲ့ ကုသနေတာကတော့ အကောင်းထက်ဆိုးကျိုးပဲ ဖြစ်ဖို့များပါတယ်။သေတတ်ပါတယ်။ လက်ရှိအနေအထားမှာဆိုကျမတို့ဆေးရုံတွေဆေးခန်းတွေမှာ အောက်ဆီဂျင်လုံလောက်ဖို့ဖြည့်တင်းပြီးတော့ဆောင်ရွက်နေတယ်။ နောက်တခုက mask ကိစ္စဒါကကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆိုင်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနသည် ရောဂါဖြစ်ပွားတဲ့ သူကိုအမြန်ဆုံး ကုသပေးဖို့ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့တာဝန်ဖြစ်ပါတယ်။ ပြည်သူလူထုတွေ မတ်စ်ရရှိဖို့ကတော့ကျန်းမာရေးဝန်ကြီးဌာနတာဝန်တစ်ခုတည်းမဟုတ်ပါဘူး။ ဆိုတာသိစေချင်ပါတယ်။ အဲ့အခါမှာကျမတို့ ကျန်းမာရေးဝန်ထမ်းတွေအတွက်ရှိလားဆိုရင်တော့ ဒုတိယလှိုင်းလိုအကြီးကြီးဖြစ်ရင်တောင် (၃) လစာရှိတယ်လို့ပြောချင်ပါတယ်။ အဲ့ဒီတော့ပြင်ပမှာရှိတဲ့ maskတွေဈေးတက်တာတို့ ခုနလိုပြောသလိုဈေးတင် ရောင်းတာတို့ ဒါနဲ့ မနေ့က mrtvသတင်းမှာလဲပါ ပါတယ်။ သတင်းစာမှာလဲပါပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ဒိလိုမျိုးmaskတွေဈေးတင်ရောင်းတာတွေ ဈေးအမြတ်ကြီးစားတဲ့ ဝိသမလောဘသားတွေကို အရေးယူမယ်လို့ပြောထားပြီးသားဖြစ်ပါတယ်။ အဲ့အခါကျတော့ maskတွေဈေးတက်ခြင်း ပြုခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုထဲနဲ့ သက်ဆိုင်တာမဟုတ်ဘူးဆိုတာပြောချင်ပါတယ် ဒါပါပဲ။