နိုင်ခွန်အား ( ရေနံချောင်းတက္ကသိုလ်ကျောင်းသား သမဂ္ဂ – ဥက္ကဌ )
ကျောင်းသား သမဂ္ဂ (၁၂) ဖွဲ့ပေါင်းပြီး ပြုလုပ်ထားတဲ့ တမာမိုး သံချပ်ဖြစ်မြောက်ရေးအဖွဲ့၏ ၂၀၂၃ နွေဦးတော်လှန်ရေး သင်္ကြန် သံချပ်နှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ရွှေဘိုရွာနှင့် ရေသာ(ကံတိုး)ကျေးရွာများမှ စစ်ဘေးရှောင်သုံးထောင်ကျော်အတွက် စားနပ်ရိက္ခာ၊ အမိုး အကာနှင့် အခြေခံဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာ ၁၂ ရွာမှ...
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေအိမ်များကို ရက္ခိုင့်တပ်တော်(AA)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ မေ ၁၇ရက် ည ၉နာရီခန့်တွင် ဘူးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေအိမ်များကို...
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါင်လေတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်က တန်ပြန်ပစ်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်ပေါ်ကျရောက်ခဲ့မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ မေ...
စစ်တပ်သည် တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အဓိက အတားအဆီးဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောသည်။ တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ် စေသည့် အဓိကအကြောင်း ရင်းမှာလည်း စစ်တပ်ပင်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး...
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကျေးရွာခုနှစ်ရွာက သက်ကြီးရွယ်အိုများမှာ ရာသီဥတုပူပြင်းမှုကြောင့် သွေးတိုးရောဂါ ခံစားနေရကြောင်း ကျောင်းသားလက်ရုံးတပ်တော်(Student Armed Force) ထံကသိရသည်။ မတ်လ ခုနှစ်ရက်မှ ၁၅ရက်အထိ မုံရွာခရိုင်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာကို ကျန်းမာရေးစောင့်ရှောက်မှု သွားရောက်ပေးခဲ့စဉ် သက်ကြီးရွယ်အိုတို့...
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီး သေဆုံးကြောင်းသိရသည်။ မေလ ၁၇ရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ရွှေဘိုမြို့ပေါ် အမှတ်ငါးရပ်ကွက်ရှိ ဘုန်းကြီးကျောင်းထဲ၌ တပ်စွဲထားသော အင်အား ၃၀...
မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်တို့တွင် စစ်ကောင်စီ၏ညွှန်ကြားချက်အရ CCTV တပ်ဆင်ထားရပြီဖြစ်ကြောင်း သိရသည်။ မိုးကုတ်မြို့ရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်တို့တွင် မေလ၁၅ရက် နောက်ဆုံးထားကာ CCTV တပ်ဆင်ခိုင်းခဲ့ပြီး CCTV ပတ်စ်ဝခ်(Password)ကိုလည်း ရဲစခန်းကို ပေးထားရကြောင်း မိုးကုတ်မြို့ခံ အချို့ထံက သိရသည်။...
တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့တွင် ကျင်းပသည့် Save Myanmar ဓာတ်ပုံပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့သည်။ ဓာတ်ပုံပြပွဲတွင် MPA ဓာတ်ပုံဆရာများနှင့် CJ များကရိုက်ကူးထားသည့် စစ်ကောင်စီ၏လူ့အခွင့်ရေးချိုးဖောက်မှုများ ၊ ဆေးရုံနှင့် ပြည်သူများကိုဗုံးကြဲတိုက်ခိုက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်း၊...
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ စစ်သားနှင့်ပျူစောထီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ငွေတောင်းကြမ်းသည့် တင်းဂတ်ဂိတ်ကို မတ်လ၁၆ရက်၊ညနေ သုံးနာရီခန့်မှစတင်ကာ ဗုံးအလုံး ၂၀ ကြဲချခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖထံက သိရသည်။ "ပုံမှန်အတိုင်း ဒရုန်းနဲ့ပဲ...
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် စစ်ကောင်စီတပ်က ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ထိုအချိန်အတွင်း အပြင်ထွက်သူများကို လိုက်လံပစ်ခတ်သတ်ဖြတ်နေကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဝက်လက်မြို့နေပြည်သူများအား ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ လူငါးဦးထက်ပို၍ စုဝေးခွင့်မပြုခြင်းကို...
© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်