စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ၏ နေအိမ်အလုံးပေါင်း ၄၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း မီးလောင်မှုစာရင်း စောင့်ကြည့်မှတ်တမ်းတင်နေသူများထံမှ သိရှိရသည်။
မှတ်တမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ မေလ ၂၃ ရက်အထိ လက်လှမ်းမီသည်အထိ ပြုုလုပ်ထားခြင်းဖြစ်ပြီး ယခုထက် များပြား နေနိုင်ကြောင်းလည်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်းစီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် လက်ရှိတွင် မြိုင်မြို့နယ်က ရွာပေါင်း ၁၆ ရွာအထိ မီးလောင်မှုဒဏ်ကို ခံစားနေရခြင်း ဖြစ်ပြီး ယင်းရွာများတွင်ရှိသည့် အိမ်အလုံးရေ ၃၉၀ အထိ မီးလောင် ပျက်စီးသွားခဲ့ပြီဖြစ်သည်။
“ခွေးတွေ ကေတာ့ မြောင်အနောက်ပိုင်းကို သွားနေကြတယ်။ ကျန်တဲ့အပိုင်းကတော့ မီးရှို့ခံပြည်သူတွေကို ပြန်လည် ဖေးမတဲ့ အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်”ဟု ယင်းဒေသတွင် ကူညီနေသူတစ်ဦးက ပြောပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရပြီး ပြန်စရာ အိမ်များလည်း ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
“ကျွန်မတို့အစီအစဉ်ကတော့ မီးလောင်တိုက်သွင်းခံရသည့်ပြည်သူများကို ဖေးမကူညီတဲ့အစီအစဉ်ပါ။ အမည်ကိုတော့ Silver Linging ဘယ်အမှောင် ဘယ်လိုမှောင်လဲ တစ်နေ့တော့လင်းရမယ်။ ဘယ်လောက်အခက်အခဲရှိရှိ၊ ဘယ်လောက်မိုးသားတွေ မှောင်နေမှောင်နေ ငါတို့မှာ မျှောင်လင့်ချက်တွေ ယုံကြည်ချက်တွေရှိတယ်။ တစ်နေ့တော့ လင်းရမယ်။ ကျွန်မတို့ ဒီအစီအစဉ်နှင့်အတူ စစ်ကောင်စီ အကြမ်းဖက်များ၏ မီးလောင်တိုက်သွင်း ပြည်သူ့အိုးအိမ်များဖျက်ဆီးခံရတဲ့ ပြည်သူများအတွက် အလင်းရောင်တွေ ပေးသွားမယ်”ဟု ကူညီလုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက အသိပေးထားသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဦးရေမှာ ငါးထောင်ကျော်သွားခဲ့ပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နွားများ၊ ကြက်ခြံများ၊ မီးလောင်ဒဏ်ရရရှိသူများရှိသလို သေဆုံးသူများနှင့် ကျည်ထိမှန်ဒဏ်ရာသူများလည်း ရှိနေသည်။