ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်း Luhansk ဒေသရှိ ကျောင်းတစ်ကျောင်းကို ရုရှားက လေကြောင်းနှင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအတွင်း ခိုအောင်းနေသည့် လူပေါင်း ၆၀ ထက်မနည်း သေဆုံးဖွယ်ရှိနေကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ယနေ့ မေလ ၈ ရက်၊ တနင်္ဂနွေနေ့တွင် ထုတ်ဖော်အသိပေးခဲ့သည်။
လူ ၉၀ ခန့် ခိုလှုံနေသည့် ယင်းစာသင်ကျောင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရုရှားတပ်ဖွဲ့ဝင်များ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ယင်းစာသင်ကျောင်းသည် လေးနာရီကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြသည်။
“အပျက်အစီးတွေကြားက လူသုံးဆယ်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်။ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ လူခြောက်ဆယ်လောက် သေဆုံးဖွယ်ရှိကြောင်း” ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Gaidai က Telegram တွင် ရေးသားခဲ့ပြီး လူသေအလောင်း နှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ နိုင်ငံတကာ သတင်းမီဒီယာများက အတည်ပြုနိုင်ရန် ကြိုးပမ်းဆဲ ရှိနေသည်။
Photo – Reuters