By MPA 001
ထားဝယ်-မြိတ် ကားလမ်းပေါ် မှ ခရီးသည်တင်ကားများအား မိုင်းခွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို PDFများလုပ်ဆောင်ခြင်းဟုတ်မဟုတ် အစည်းအဝေးခေါ်နေဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့မှပြောသည်။
အဆိုပါ ခရီးသည်တင်ကားတိုက်ခိုက်ခံရမှုသည် ယနေ့ ဧပြီလ ၂၈ ရက်ညနေ ၅ နာရီခန့်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ပုလောမြို့နယ်၊ သစ်လှတောကျေးရွာအုပ်စု၊ မီးသင်္ဂြိုလ်စက်အနီး(ပုလောမြို့မှ ၆ မိုင်အကွာ)တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့၏ တာဝန်ရှိသူတစ်ဦး မှပြောသည်။
“ပေါက်ကွဲမှုဖြစ်တာကဟုတ်တယ်။PDFဖက်ကလုပ်တာဟုတ်မဟုတ် ကျွန်တော်တို့တပ်ခွဲတွေစုပြီး အစည်းအဝေးလုပ်နေတယ်”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့၏ တာဝန်ရှိသူတစ်ဦး မှပြောသည်။
ယနေ့ဖြစ်ပွါးခဲ့သည့် ခရီးသည်တင်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုသည် ခရီးသည်တင် မှန်လုံကားကြီး ၂ စီးနှင့် ခရီးသည်တင်ယာဥ်ငယ် ၂ စီး စုစုပေါင်း ၄စီး မိုင်းခွဲခံရခြင်းဖြစ်ပြီး သေဆုံးသူ ကျား၃ဦး၊အရေးပေါ်ဆေးကုသမှုခံယူနေရသူ ၃ဦးနှင့် မိုင်းကွဲစထိမှန်ဒဏ်ရာရရှိသူ ၂၆ဦးတို့ရှိပြီး ဆေးကုသမှုခံယူနေရကြောင်း ပုလောအခြေစိုက် ၂၈၅တပ်ရင်း၏ အမည်မဖော်လိုသူ ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။
“ဒီဟာက PDFတွေခွဲတာဖြစ်မယ်။ကျွန်တော်တို့ ပြည်သူတွေကို ထိတဲ့ ဒီကောင်တွေကို စစ်ကြောင်းနဲ့ရှင်းလင်းလျက်ရှိပါတယ်။ဒီထက်ပြောစရာမရှိပါ”ဟု ပုလောအခြေစိုက် ၂၈၅တပ်ရင်း၏ အမည်မဖော်လိုသူ ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။
လက်ရှိခရီးသည်တင်ကားမိုင်းခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး လွတ်မြောက်နယ်မြေအတွင်းရှိ တာဝန်ရှိသူများက PDFတပ်ခွဲမှူးများကို ဆင့်ခေါ်ကာ အစည်းအဝေးထိုင်လျက်ရှိပြီး ဟုတ်မှန်ခြင်းရှိမရှိ ပြည်သူလူထုအားပွင့်လင်းစွာ ထုတ်ပြောသွားမည်ဟု ယင်းအစည်းအဝေးတွင်ပါဝင်သူ ပကတခေါင်းဆောင်တစ်ဦးမှပြောသည်။
“ဒီနေ့မြိတ်က ကျား၂ယောက်နဲ့ လက္ကူးရွာအုပ်စုထဲက မြဒေါင်ရွာက ကျား၁ယောက်သေတယ်လို့စုံစမ်းရရှိတယ်။ လုပ်တာမှန်ရင် ကိုတာဝန်ကိုယ်ယူရမယ်ပေါ့။ လွန်ခဲ့တဲ့အပတ်က ၂၈၅ကစစ်ခွေးတွေ ပုလောမြို့ထဲက အိမ်ကိုဗုံးခွဲပြီး ပြည်သူတွေကို PDFလုပ်တယ်ပြောခဲ့သေးတာပဲ။ဒီအကောင်တွေအကြောင်းမသိတာလဲမဟုတ်။ အခုအစည်းအဝေးလုပ်နေတုန်းပါ”ဟု အစည်းအဝေးတွင်ပါဝင်သူ ပကတခေါင်းဆောင်တစ်ဦးမှပြောသည်။
လက်ရှိမှာ ပုလောမြို့နယ်ဖွား ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ စစ်ကြောင်းထိတွေ့မှုမရှိသေးကြောင်းနှင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ပုလောမြို့နယ်၊မြို့ထဲမှ အိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုံးဖောက်ခွဲခဲ့ပြီး ဖောက်ခွဲခံရသည့် အိမ်ပိုင်ရှင်မိသားစုကို PDFများအား လက်နက်ထောက်ပံ့နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး သတင်းလာမေးသူ ပြည်သူတစ်ဦးကိုလည်း ယနေ့အချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။
#PRDF #ပုလော #MPA #အရပ်သားကားကိုတိုက်ခိုက်ခံရ #Myanmar