By MPA/007
စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်ဖယ်ရှားရန်အတွက် ပြည်သူများ လက်နက်စွဲကိုင် တိုက်ပွဲ ဝင်ဆင်နွဲနေသည့် တော်လှန်စစ်ဒေသ သည် ဆားလင်းကြီး မြို့နယ်ရှိ ကြေးနီစီမံကိန်း ဒေသများ ပါဝင်သည်။
ဆားလင်းကြီး-ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက လက်ပံတောင်းကြေးနီစီမံကိန်းများကို ငါးရက်အတွင်းရပ်တန့်ရန်သတိပေးခြင်းကို ဧပြီ၂၀ ရက်နေ့က စတင်ထုတ်ပြန်ခဲ့သည်။
“ဒီကြေငြာချက်ဟာပထမအဆင့်ပါ၊မလိုက်နာရင်နောက်ထပ်ကြုံတွေ့ရမှာတွေကတော့ပြည်သူ့အသံနားမထောင်တဲ့လုပ်ငန်းရှင်တွေဘဲ”ဟုတော်လှန်ရေးရဲဘော်ဘိုးတော်နီကပြောသည်။
စီမံကိန်းများစတင်ချိန်နှစ်များကတည်းကဒေသတွင်း ကြေးနီစီမံကိန်းများသည် ဒေသခံ ပြည်သူများနှင့် တရားမျှတမှုကို တောင်းဆိုကြသော အင်အားစုများ၏ နှစ်ရှည် ဆန့်ကျင် ခံခဲ့ရသည်။
ဒေသတွင်းကြေးနီစီမံကိန်းများသည် စစ်အာဏာရှင်ကိုယ်ကျိုးစီးပွား ကိုသာ ကြည့်ပြီး တိုင်းပြည်အကျိုးနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝ တိုးတက်ရေးကို ကိုယ်စားပြု လုပ်ဆောင် ထားခြင်း မရှိကြောင်းဆက်ပြောသည်။
ကြေးနီလုပ်ငန်းသည် အကြမ်းဖက်စစ်အာဏာရှင်စနစ်၏ဘဏ္ဍာရေးအတွက် ရေသောက်မြစ်ထဲမှ တစ်ခုဖြစ်ခြင်းအာဏာရှင် ထိပ်သီးများနှင့် စစ်ခရိုနီများ၏ ခါးပိုက်ဆောင်စီမံကိန်းများ ဖြစ်သည်။
“စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တော်လှန် ဖယ်ရှားရှင်းလင်းနေချိန်တွင် စစ်အုပ်စုပိုင် ဦးပိုင်ယန်စီကုမ္ပဏီလီမိတက်နှင့် ယန်စီ ၊ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲ လုပ်ဆောင်သော ဒေသ တွင်း စီမံကိန်းများကိုမည်သည့်အကြောင်းပြချက်နှင့်မျှ တော်လှန်ရေးကာလအတွင်း လုပ်ငန်း လည်ပတ်ခြင်းကို ခွင့်မပြုနိုင်” ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့များ ကဆိုသည်။
၁။ စစ်အုပ်စုပိုင် ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မိဘပြည်သူများအနေဖြင့် မေ(၅)နေ့ နောက်ဆုံးထားကာ CDMဝင်ပေးကြရန်ဖြစ်ပါသည်။စစ်ကောင်စီ၏ဝင်ငွေရလမ်းများအား မိဘပြည်သူများအနေဖြင့် မကူညီ၊မထောက်ပံ့ခြင်းအားဖြင့် တော်လှန်ရေးကို ကူညီပေး ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်ဘဏ္ဍာ ရေသောက်မြစ် လက်တက်တခု ကို ဆွဲနုတ်ဖယ်ရှားရန်အတွက် မည်သည့် တိုက်ခိုက်ရေး နည်းလမ်းများကိုမဆို စတင် ကျင့်သုံး တော့မည်ဖြစ်ကြောင်းကို ဒေသတွင်းကြေးနီ စီမံကိန်းများနှင့် ပတ်သတ်သူ အားလုံးအား အသိပေးလိုက်သည်ဟုဆားလင်းကြီး-ယင်းမာပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များကသတင်းထုတ်ပြန်ထားသည်။