စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်ရှိ မင်းရွာ ၊ ပန်းရွာနှင့် မွေ့ထုံရွာ တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် ရွာလုံး ကျွတ်မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် ပုလဲမြို့နယ်ရှိ ကျေးရွာသုံးရွာအားအကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးနေရ ကြောင်း ပန်းရွာသားတစ်ဦးက ပြောသည်။
“ မနေ့ကည ၁၂ မတ်တင်းလောက်ကစပြီး လက်နက်ကြီးပစ်ခတ်မှုသံတွေကြားရပြီး ည တစ်နာရီလောက်ကျတော့ ရွာကို မီးရှို့တယ်။ မနက်ကျတော့ အိမ်ခြေ ၅၀ လောက်မီးလောင်နေတာ တွေ့တယ်။ “ ဟု ပန်းရွာသားတစ်ဦးက MPA ကိုပြောသည်။
ပျော်ဘွယ်၊ ကုန်းပေါ်၊ လက်ပံလှ၊ (၉၇)အိမ် မီးလောင်ကျွမ်းပြီး အောက်ကျင်းရပ်က (၇၁)အိမ် မီးလောင်ကျွမ်းခဲ့ကြောင်း မြေပြင်ရှိ ကျေးရွာတာဝန်ခံများ၏ စာရင်းပြုစုချက်အရ သိရသည်။
“ မြိုင် နယ်ဖက်က နေဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်များသည် ၃၁ ရက်နေ့ ညပိုင်းမှာ မွှေ့ထုံနဲ့ မင်းရွာ ကိုမီးစရှို့တယ်။ ပန်းရွာက စစ်ကူပေးတော့ ပန်းရွာကိုနောက်နေ့ ထပ်ရှို့တယ်။ အကြမ်းဖက်စစ်သားတွေ အင်အား ၇၀၀ လောက်နဲ့ လာတာလို့ သိရတယ်” ဟု ပန်းရွာသားတစ်ဦးကဆိုပြောသည်။
အကြမ်းဖက်စစ်ကောင်စီများသည် မြိုင်နှင့် ပုလဲဒေသရှိ ယင်းတို့ဖြတ်သန်းသွားလာရာ တလျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြလုပ်လေ့ရှိကြောင်း သိရသည်။
ပုံစာ – ဖေဖေါ်ဝါရီ ၁ရက်နေ့ညဖက်တွင် ပန်းရွာကို မီးရှို့ဖျက်ဆီးထားပြီးနောက် မြင်ကွင်းPhoto – ဒေသခံတစ်ဦး
Three Villages in Pale Scorched by Terrorist SAC Troops; Locals Running to Safety
By MPA
Min village, Pan village and Mwe Hton village in Yin Mar Pin district of Sagaing region’s Pale township were entirely burnt down by the terrorist SAC troops on February 1.
As the terrorist SAC troops destroyed and burnt down the three villages of Pale township on February 1 of 2022, the residents are escaping to safety, a Pan villager said.
“Last night beginning from around 12, large weapon firings were heard; by 1am, the village was burnt. The next morning, about 50 homes had been burnt down”, said a Pan villager to MPA.
97 homes in Pyaw Bwe, Kone Paw, Let Pan Hla and 71 homes in Auckkyinyat were scorched, village officials on the ground compiled the list and told MPA.
“The terrorist SAC troops who came down from the region of Myaing first ignited Mwe Hton and Min villages.
Pan village provided military assistance and it was burnt down also the next day. It’s been learnt that the terrorist SAC troops came in with about 700 in number”, said a Pan villager.
The terrorist SAC have usually burnt down villages along their way in the regions of Myaing and Pale.