By MPA
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ လွှတ်တော်အမတ်များ၏နေအိမ်များနှင့်စစ်အာဏာရှင်ကို တော်လှန်နေကြသည့် တမူးမြို့က တက်ကြွ လှုပ်ရှားသူများ၏ နေအိမ်များကို စစ်ကောင်စီက ဇန္နဝါရီလ(၁၉)ရက် နေ့က လိုက်လံချိတ်ပိတ်ခဲ့ ကြောင်းသိရသည်။
ကလေးမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး(ခ)ဒေါ်အေးအေးမူနှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၏ နေအိမ်တို့ကို ချိတ်ပိတ်ပြီး သတိပေးစာကို ဗီနိုင်းဖြင့်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
” ကလေးမြို့က ကျွန်မရဲ့အိမ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စမ်းမြို့ရပ်ကွက် ၊ အိမ်နံပါတ် ၃/၁ ကို ဒီနေ့ စစ်ကောင်စီကလာပြီး ချိတ်ပိတ်လိုက်ပါတယ်။ ထူးတော့ မထူးဆန်းပါဘူး။ တစ်နေ့ကြုံလာမယ်ဆိုတာ သိပြီးသားပါ။တစ်နေ့… ဘုရားသခင်နှင့် ပြည်သူ့အစိုးရက စီရင်ကြပါလိမ့်မယ်” ဟု ကလေးမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောသည်။
ကလေးမြို့က လွှတ်တော်အမတ်နေအိမ်များနှင့်အတူ အိန္ဒိယ – မြန်မာ နယ်နိမိတ်မြို့ဖြစ်သည့် တမူးမြို့ တွင်လည်း စစ်အာဏာရှင်ကို တော်လှန်နေကြသည့် တက်ကြွလှုပ်ရှားသူများ၏နေအိမ်များကို စစ်ကောင်စီက ဇန္နဝါရီလ(၁၉)ရက်နေ့က ချိတ်ပိတ်ကြောင်း ဗီနိုင်းများချိတ်ဆွဲခဲ့ကြောင်းသိရသည်။
တမူးလူငယ်ကွန်ယက်မှ ကိုယဉ်ကိုဦး၏ နေအိမ်အပါအဝင် စစ်အာဏာရှင်ကိုတော်လှန်ရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် ကိုအောင်ဖြိုးကြွယ်၊ ကိုဆုသန်း၊ မဥမ္မာဝင်းတို့ ၏နေအိမ်များကိုလည်း ချိတ်ပိတ်ကြောင်းသိရသည်။
” နေအိမ်တွေကို ချိတ်ပိတ်လိုက်လို့ တော်လှန်ရေး စခန်းတွေ ချိတ်ပိတ်သွားတာမဟုတ်ပါဘူး။မြန်မာပြည်မှာ စစ်အစိုးရ အာဏာသိမ်းတာ သုံးကြိမ်ရှိပြီ။တိုင်းပြည်ဟာ ကျန်းမာရေး ၊ ပညာရေး နိုင်ငံရေး တိုးတက်ခဲ့သလား ဆုတ်ယုတ်သလား အားလုံးအသိဗျာ။ အာဏာဟာ ဥပဒေအထက်ရှိ နေလို့ကတော့ ဒီနိုင်ငံမွဲနေဦးမှာပဲ လို့ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပါပဲ။ ကျနော်ဒီတခါတော့ အဆုံးထိတိုက်ပွဲပဲ။နိုင်ငံရေး နည်းက နိုင်ငံရေးနည်း တစ်ပိုင်း၊ စစ်ရေးနည်းက စစ်ရေးတစ်ပိုင်း။ နိုင်ငံရေးနဲ့ စစ်ရေးပေါင်းစပ်ပြီး လုပ်ဆောင်ရမှာက တပိုင်း။ အားလုံးလက်တွဲ ညီညီသွားကြမယ်ဆိုဒီခရီးက မဝေးပါဘူးဗျ။ အရေးတော်ပုံအောင်ရမယ်” ဟု တမူးလူငယ်ကွန်ယက်မှ တာဝန်ရှိသူ ကိုယဉ်ကိုဦးကပြောသည်။
ကလေးမြို့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၏ နေအိမ်ကို ုသာမက ဆောက်လက်စ ဆိုင်ခန်းကိုပါ စစ်ကောင်စီက ဖြိုဖျက်ပစ်ခဲ့ကြောင်းလည်းသိရသည်။
#MPA #ချိတ်ပိတ် #အကြမ်းဖက်စစ်ကောင်စီ #ကလေး #နိုင်ငံရေး
သပိတ်ကျင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုး အပစ်ခံရပြီး သေဆုံး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုးအပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ မေလနှစ်ရက်၊ညနေပိုင်းတွင် မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်သည့်အပြင် မိုးကြိုးလည်း ပစ်ရာ ကြာညှပ်တိုက်နယ်၊ကိုးပင်ရွာအနီးရှိ တောင်ယာခင်းတစ်ခု၌ စစ်ရှောင်နေသော ပြည်သူ ၁၂ ဦး တို့...