စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော နတ်ချောင်းရွာတွင် အရပ်သားသေဆုံးမှုများရှိ

By MPA
အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ၂၃ရက်နေ့တွင် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာတွင် အရပ်သားသေဆုံးမှုများရှိ‌ေနကြောင်းသိရသည်။
ကလေးမြို့‌တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီးကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းကစတင်ပြီး ရဟတ်ယာဥ်များအသုံးပြုကာ ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားများ၅ဦးထက်မနည်းသေဆုံးကြောင်း ကလေးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
“ အရပ်သားသေဆုံးမှု‌ေတွရှိပါတယ်ဗျ ။ စကစတပ်တွေ ခုထိရွာက မဆုတ်သေးတော့ အကုန်မသိရသေးပါ။ အရပ်သားသေဆုံးတာ ၅ ဦးက‌နေဆယ်ဦးလောက်အထိတော့ သတင်းတွေကြားနေရပါပြီ။” ဟု၎င်းကဆိုသည်။
ဒီဇင်ဘာလ၂၃ရက်နေ့နံနက်ပိုင်းတွင် ကလေးမြို့နယ် နတ်ချောင်းကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သည့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Kalay)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ CNDFအဖွဲ့များအကြားထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်အနေဖြင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းဖြင့် ပစ်ခတ်မှုများပြုလုပ်ပြီးနောက် စစ်တပ်သည် ကျေးရွာအတွင်းမှနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်း၌တပ်စွဲခဲ့သည်။
လက်ရှိအချိန်တွင် ကယားပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိနေပြီး စစ်တပ်အနေဖြင့် လေကြောင်းကိုပါအသုံးပြုပြီးတိုက်ခိုက်လာသည်ကိုတွေ့ရသည်။
Photo-CJ (မနေကညနေပိုင်းတွင်လေကြောင်းဖြင့်ပစ်ခတ်မှုများပြုလုပ်‌သည်ကိုတွေ့မြင်ရပုံ)
Advertisement Advertisement Advertisement
ADVERTISEMENT

ဆက်စပ် သတင်းများ

သပိတ်ကျင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုး အပစ်ခံရပြီး သေဆုံး

သပိတ်ကျင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုး အပစ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသား သုံးဦး မိုးကြိုးအပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ မေလနှစ်ရက်၊ညနေပိုင်းတွင် မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်သည့်အပြင် မိုးကြိုးလည်း ပစ်ရာ ကြာညှပ်တိုက်နယ်၊ကိုးပင်ရွာအနီးရှိ တောင်ယာခင်းတစ်ခု၌ စစ်ရှောင်နေသော ပြည်သူ ၁၂ ဦး တို့...

လုပ်ခလစာ တိုးမြင့်မလာပါက ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်လာရနိုင်

လုပ်ခလစာ တိုးမြင့်မလာပါက ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်လာရနိုင်

အနိမ့်ဆုံးတစ်ရက်လုပ်ခလစာ ထပ်မံတိုးမြင့်မလာပါက ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်လာရနိုင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။ လက်ရှိတွင် အလုပ်သမားများ၏ အနိမ့်ဆုံးတစ်ရက်လုပ်ခလစာမှာ ကျပ် ၄,၈၀၀ ဖြစ်ပြီး ယခုနှစ်တွင် အလုပ်သမားအဖွဲ့အစည်းများက ကျပ်...

အမျိုးသားများ ပြည်ပထွက်ခွာခွင့်ရပ်ဆိုင်းသည်ဟု သတင်းထွက်သော်လည်း တရားဝင်ညွှန်ကြားခြင်းမရှိသေးဟုဆို

အမျိုးသားများ ပြည်ပထွက်ခွာခွင့်ရပ်ဆိုင်းသည်ဟု သတင်းထွက်သော်လည်း တရားဝင်ညွှန်ကြားခြင်းမရှိသေးဟုဆို

အမျိုးသားများ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ရပ်ဆိုင်းသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တရားဝင်ညွှန်ကြားလာခြင်းမရှိသေး၍ စောင့်ကြည့်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။ “သတင်းကတော့ထွက်လာပေမယ့် ကျတော်တို့ကို ဘာမှတရားဝင်ညွှန်ကြားတာမျိုးမလာသေးဘူး။ အဲ့ဒီတော့ အတည်လို့လဲ ပြောလို့မရဘူး။ မဟုတ်ဘူးလို့လဲပြောလို့မရဘူး။ စောင့်ကြည့်နေရတယ်” ဟု စင်ကာပူနိုင်ငံသို့အဓိက အလုပ်သမားပို့ဆောင်ပေးနေသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက...

စစ်တပ်လက်နက်ကြီး ထိမှန်သဖြင့် ပျားစခန်းကျေးရွာရှိ ပြည်သူသုံးဦးထက်မနည်းသေဆုံး

စစ်တပ်လက်နက်ကြီး ထိမှန်သဖြင့် ပျားစခန်းကျေးရွာရှိ ပြည်သူသုံးဦးထက်မနည်းသေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာအတွင်းသို့ မေ ၂ ရက်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူသုံးဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ အဆိုပါကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၃ မိုင်ဂိတ်ရှိ စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့်...

ရေချိုးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

ရေချိုးလာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ တာဝါတိုင်စခန်းမှ ရေချိုးရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို PPDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၄ခုနှစ်၊ မေ ၃ရက်တွင် ထုတ်ပြန်ထားသည်။ ၂၀၂၄ခုနှစ်၊ မေ...

ဝိုင်းမော်၊ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီ စစ်ရေးတင်းမာမှုများရှိနေ

ဝိုင်းမော်၊ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီ စစ်ရေးတင်းမာမှုများရှိနေ

ကချင်​ပြည်နယ်၊ ဝိုင်းမော်၊ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၃ရက် နံနက်ပိုင်းမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ဝိုင်းမော်မြို့နယ်၊ ဂဂမ်တောင်ရှိ...

UID စာရွက်မရသေးသော်လည်း လဝကမှူးလက်မှတ်ပါသည့်စာရွက်ဖြင့် ချစ်ကြည်ရေးတံတား ဖြတ်သန်းနိုင်

UID စာရွက်မရသေးသော်လည်း လဝကမှူးလက်မှတ်ပါသည့်စာရွက်ဖြင့် ချစ်ကြည်ရေးတံတား ဖြတ်သန်းနိုင်

ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အလည်အပတ် သွားရောက်မည့်သူများအနေဖြင့် စစ်ကောင်စီ၏ UID (Unique Identity Number) စာရွက်ပါမှ ယာယီနယ်စပ် ဖြတ်သန်းခွင့်ရတော့မည်ဖြစ်သော်လည်း လတ်တလော UID စာရွက်မရခင်စပ်ကြားတွင် လဝကမှူးလက်မှတ်ပါသည့် ရက်ချိန်းစာရွက်ဖြင့် မြဝတီ-မဲဆောက်...

ဖရူဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၄၀ ကျော် ပျက်စီး

ဖရူဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၄၀ ကျော် ပျက်စီး

ကယားပြည်နယ်၊ ဖရူဆိုအနောက်ခြမ်းတွင် မေ ၂ ရက်၊ ည ၇ နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စိန်တောင်တန်းစစ်ရှောင်စခန်းရှိ စစ်ရှောင်မိသားစုနေအိမ် အလုံး ၄၀ ကျော်ပျက်စီးခဲ့ကြောင်း ဒေသခံများထဲမှ သိရသည်။ “လေကပြင်းတော့ တစ်နှစ်လုံး သုံးထားတဲ့မိုးကာတွေက အကုန်ပြဲထွက်ပြီး...

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို စံကျောင်းတော်ဖြင့်ထားကာ အပူဇော်ခံမည်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို စံကျောင်းတော်ဖြင့်ထားကာ အပူဇော်ခံမည်

မြန်မာသက္ကရာဇ် ၁၃၈၆ ခု၊ တန်ခူးလပြည့်ကျော် (၇)ရက်၊ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ခန္ဓာချုပ်ငြိမ်းတော်မူသော မဟာဗောဓိမြိုင် ဆရာတော်ဘုရားအား ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးခဲ့သော သေတမ်းစာအရနှင့် တာဝန်ရှိတပည့်သာဝကတို့၏အစည်းအဝေးဆုံးဖြတ်ချက်အရ ဆရာတော်ဘုရားကြီး၏ ကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား မီးမပူဇော်ဘဲ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီး၏...

မိုးကုတ်တွင် ပြည်ပထွက်မည့်သူများ စမတ်ကတ် လုပ်နေကြရ

မိုးကုတ်တွင် ပြည်ပထွက်မည့်သူများ စမတ်ကတ် လုပ်နေကြရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် UID (Unique Identity Number) ခေါ် စမတ်ကတ်ကို ရုံးဖွင့်ရက် တိုင်း၌ အခမဲ့ လုပ်ပေးလျက်ရှိရာ ပြည်ပထွက် အလုပ်လုပ်မည့်သူများ လုပ်နေကြရကြောင်း သိရသည်။ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မိုးလုံလေလုံခန်းမတွင် ပြုလုပ်ပေးနေခြင်းဖြစ်ပြီး တစ်ရက်လျှင်...

ရွေးချယ်ရန် Topics

Monthly Archive

မေ လ၊ 2024 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.