Photo – Zau Lung Hpra၊ Zau Ring Hpra / Myanmar Pressphoto Agency
မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်သို့ သာသနာပြုနှစ်(၁၂၅)နှစ်ပြည့် ဂျူဗလီကျေးဇူးတော် ချီးမွမ်းပွဲတော် ဂျော့ဂျောင်မနောပွဲ (Jaw Jau Manau Poi)ကို ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ (၁၂၅)နှစ်ပြည့် ဂျူဗလီပွဲအား အောက်တိုဘာလ ၂၆ရက်နေ့မှ ၃ဝရက်နေ့အထိ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါကောင်း (A) ၊ မြစ်ကြီးနားဇုံနယ် နှစ်ခြင်းသာသနာ ကျမ်းစာကျောင်းတွင်ပြုလုပ်မည်ဖြစ်သည်။
ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ
မြန်မာနိုင်ငံအတွင်းရှိ ဆန်၊ ဆီမှအစ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်ရိပ်ရပ်ဖြင့် ဆက်လက်မြင့်တက်နေကြောင်း စားသုံးသူနှင့် ရောင်းချသူများထံမှ စုံစမ်သိရှိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့်က ကြက်ဥတစ်လုံးလျှင် ၂၅၀ ကျပ်သာရှိခဲ့ရာမှ ယခု တစ်လုံးလျှင် ၃၀၀ ကျပ်၊ ဆန်အကြမ်းတစ်အိတ်လျှင်...