ပန်းဆက်ကျေးရွာတဝိုက် ပျူစောထီးများသောင်းကျန်း

By MPA
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ပန်းဆက်ကျေးရွာတဝိုက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များ သောင်းကျန်းနေကြောင်း ဒေသခံများ ထံမှသိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့များ၏ လက်နက်အပြည့်အစုံနဲ့ ဓာတ်ပုံများကို မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က လူမှုကွန်ယက်မှ တဆင့်မျှဝေခဲ့သည်။
“ စစ်ခွေးများ၏ အရံအင်အား ပေါ်တင်အသုံးချခံ၊ အသုံးတော်ခံနေသည် လက်နက်တပ်ဆင်ထားသော ပျူစောထီးတွေကို ဘာလို့တင်ရသလဲဆိုရင် အခုလိုဇောင်းကြွနေတဲ့ကောင်တွေ တသက်လုံးပန်းဆက်ရွာထဲက အရှင်ထွက် ထွက်မရအောင် ကြေငြာပေးရတာပဲဖြစ်ပါတယ်” ဟု အဆိုပါ အဖွဲ့က ပြောဆိုထားသေးသည်။
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သည့်ပန်းဆက်ကျေးရွာသည် စစ်တပ်ထောက်ခံသူများ၊ ဒလန်များနှင့် ပျူစောထီးများအများဆုံးရှိရာကျေးရွာတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်တပ်အထောက်အပံ့ရထားသည့် ပျူစောထီးများသည်လုံခြုံရေး စစ်ဆေးရေးလုပ်ငန်များကိုပါ လုပ်ကိုင်နေကြကြောင်း ဒေသခံတော်လှန်ရေး သမားများကပြောသည်။
“ သူတို့ကမြစ်ထဲက လာတဲ့သူတွေ ခရီသွားတွေ၊ လူငယ်တွေကို စစ်ဆေးတာတွေ။ ပြီးတော့ဖမ်းဆီးတဲ့ အထိ ပစ်ခတ်ဖမ်းဆီးတဲ့အထိကို လုပ်ပိုင်ခွင့်တွေ ရှိကြတယ်။ အဲဒီတော့ စစ်တပ်က မဝန်ခံပေမယ့် သူတို့က စစ်တပ်က အားပေးအားမြှောက်ပြုလုပ်ထားတဲ့အဖွဲ့ပါပဲ ” ဟု မင်းကင်းဒေသခံ တော်လှန်ရေးသမား တစ်ဦးက ဆိုသည်။
ချင်းတွင်းမြစ်ကို ဩဂုတ်လက ဖြတ်သန်းသွားလာခဲ့သည့် လူငယ်တစ်ဦး၏ ဖုန်းအတွင်း မင်းအောင်လှိုင်ကို နောက်ပြောင်ထားသော ဓါတ်ပုံများတွေ့ရှိသဖြင့် ပန်းဆက်ကျေးရွာပျူစောထီးအဖွဲ့မှ ၎င်းကိုဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပျူစောထီးမျာသည် လက်နက် အပြည့်အစုံပါဝင်ပြီး လူကြီးလူငယ် အရွယ်စုံပါဝင်ကာ သေနတ်ဖြင့်ပစ်ခတ်မှုများ၊ ဆဲဆိုရိုင်းစိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ အဆိုပါလူငယ်က ပြောသည်။
“ မင်းအောင်လှိုင်နဲ့ မန်ယူနည်းပြ ဆိုးလ်ရှားပုံရယ်ကို နှိုင်းယှဉ်ပြီး ဟာသလုပ်ထားတဲ့ပုံတွေ့သွားတယ်။ အဲဒီတော့ မင်းတို့နိုင်မယ် ထင်လားပေါ့။ မင်းတို့ကိုမကြောက်ဘူး။ မင်းတို့အကုန်လုံးကိုရှင်းမှာ၊ မင်းတို့KIA တွေရော KNUရော ခေါခဲ့ အဲဒီလိုပြောတယ်။ ပါးတွေရိုက်တယ်။အနောက်ကနေဆောင့်ကန်တယ်။ “ ဟု အဆိုပါလူငယ်က ပြောသည်။
မင်းကင်းမြို့နယ်အတွင်းရှိ စစ်တပ်အမာခံပျူစောထီးနှင့် ဒလန်များ အများဆုံးနေထိုင်ရာနေရာဖြစ်သည့် ပန်းဆက်ကျေးရွာနှင့် တောင်ဖြူကျေးရွာကို ဇူလိုင်လအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
ပျူစောထီး အဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ငြင်းဆိုထားသည်။
သို့သော်လည်း မိမိကိုယ်ကို ပျူစောထီးဟု MPA ကို မိတ်ဆက်ခဲ့သူတစ်ဦးက ပျူစောထီးအဖွဲ့တွင် စစ်မှုထမ်း ဟောင်းများ၊ စစ်တပ်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များနှင့် မဘသများပါဝင်ပြီး သေနတ်ပစ်ခတ်ခြင်းကဲ့သို့ သင်တန်းများလည်း ပေါ်ပေါ်တင်ပေးလျက်ရှိကြောင်း ဇူလိုင်လအတွင်းကပြောဆိုထားသည်။
( Photo – ဗျူစောထီးများ လက်နက်ကိုယ်စီဖြင့် ဆိုရှယ်မီဒီယာတွင် ဟန်ရေးပြနေသည့် ဓါတ်ပုံများဖြစ်သည် )
Advertisement Advertisement Advertisement
ADVERTISEMENT

ဆက်စပ် သတင်းများ

စစ်ကောင်စီလက်နက်ကြီးကြောင့် သီလင်းရွာသား ၁၀ ဦးသေဆုံး

စစ်ကောင်စီလက်နက်ကြီးကြောင့် သီလင်းရွာသား ၁၀ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ သီးလင်းကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၄ ရက်၊ ည ၉ နာရီအချိန်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ရွာခံအရပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်၏ ဘားတောင်းတောင်တပ်စခန်းမှ အဆိုပါကျေးရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ...

ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

မြန်မာနိုင်ငံအတွင်းရှိ ဆန်၊ ဆီမှအစ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်ရိပ်ရပ်ဖြင့် ဆက်လက်မြင့်တက်နေကြောင်း စားသုံးသူနှင့် ရောင်းချသူများထံမှ စုံစမ်သိရှိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့်က ကြက်ဥတစ်လုံးလျှင် ၂၅၀ ကျပ်သာရှိခဲ့ရာမှ ယခု တစ်လုံးလျှင် ၃၀၀ ကျပ်၊ ဆန်အကြမ်းတစ်အိတ်လျှင်...

မြန်မာ့ငွေဈေး အကျဘက်သို့ဆက်လက်ဦးတည်နေ

မြန်မာ့ငွေဈေး အကျဘက်သို့ဆက်လက်ဦးတည်နေ

နိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်တွင် မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၉၀၈ ဘတ်သာ ရရှိပြီး မြန်မာ့ငွေဈေးမှာ အကျဘက်သို့ဆက်လက်ဦးတည်နေကြောင်း ထိုင်း-မြန်မာငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ မေ ၁၅ ရက်တွင် စုံစမ်းသိရှိရသည်။ မြန်မာ ကျပ်ငွေဈေးနှုန်းကျဆင်းနေသည်မှာ တစ်လကျော်ခန့်ရှိနေပြီဖြစ်သော်လည်း ယမန်နေ့ မေ...

မြိုင်၊သရက်ကန်ပျူရွာတွင် ရိက္ခာအပြင် ရေ ပါ ရှားလာသဖြင့် ပြည်သူ ထွက်ပြေးမှု များလာ

မြိုင်၊သရက်ကန်ပျူရွာတွင် ရိက္ခာအပြင် ရေ ပါ ရှားလာသဖြင့် ပြည်သူ ထွက်ပြေးမှု များလာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာ အတွင်း၌ ရိက္ခာအပြင် သောက်သုံးရေပါ ရှားပါးလာသောကြောင့် ပြည်သူများ ဆက်တိုက်ထွက်ပြေးလာကြကြောင်း သိရသည်။ မေလ ၁၀ရက်မှ ယနေ့(မေလ၁၅ ရက်)အထိ သရက်ကန် ပျူစောထီးရွာမှ ထွက်ပြေးလာ‌သော ပြည်သူ ၁၆ဦး...

ရန်ကုန်တွင် လေးလအတွင်း စစ်ဆင်ရေး အကြိမ် ၁၀၀ ကျော်ဖော်ဆောင်ခဲ့ဟုဆို

ရန်ကုန်တွင် လေးလအတွင်း စစ်ဆင်ရေး အကြိမ် ၁၀၀ ကျော်ဖော်ဆောင်ခဲ့ဟုဆို

ရန်ကုန်တွင် ၂၀၂၄ ခုနှစ်၊ လေးလတာကာလအတွင်း မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ဆင်ရေးအကြိမ် ၁၀၀ ကျော် ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီ​၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ထောက်တိုင်ရုံးအများစုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ်၊...

မိသားစုစကားဝိုင်းအနီးသို့ စစ်တပ်လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် လေးဦးသေဆုံး

မိသားစုစကားဝိုင်းအနီးသို့ စစ်တပ်လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် လေးဦးသေဆုံး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ အတွင်းရှိ  ရွာလေးကုန်းကျေးရွာတွင် မေ ၁၃ ရက်၊ ညပိုင်းက စကားထိုင်ပြောနေကြသည့် မိသားစု စကားဝိုင်းအနီးသို့ စစ်တပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် လေးဦးသေဆုံးသွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သူများက ပြောသည်။ စစ်ကောင်စီလက်အောက်ရှိ လခရ -...

ကျောက်တော်၊ ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲခံရသဖြင့် လူ ၂၀ ကျော်ဒဏ်ရာရ၊ သေဆုံးသူအချို့ရှိ

ကျောက်တော်၊ ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲခံရသဖြင့် လူ ၂၀ ကျော်ဒဏ်ရာရ၊ သေဆုံးသူအချို့ရှိ

ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက မေ ၁၄ ရက်၊ ညသန်းခေါင်ယံအချိန် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဝဲကြီးထောင့်ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလေတပ်က ကျောက်တော်မြို့နယ်ရှိ နေရာ နှစ်နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝဲကြီးထောင့်ဆေးရုံအပြင် လမ်းမတော်ရွာ...

ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၄၉ သိန်းကျော်အထိ မြင့်တက်လာ

ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၄၉ သိန်းကျော်အထိ မြင့်တက်လာ

ပြင်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၉ သိန်းကျော်အထိ စံချိန်တင်မြင့်တက်နေပြီး အချို့ဆိုင်များတွင် အရောင်းအဝယ်များရပ်တန့်ထားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းများမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာ ယခုကဲ့သို့ စံချိန်သစ်ဈေးသို့ ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေဘုံသာလမ်းရှိ...

လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်မီ မြန်မာနိုင်ငံအနှံ့အပြား၌ အပူချိန်များ မြင့်တက်နိုင်

လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်မီ မြန်မာနိုင်ငံအနှံ့အပြား၌ အပူချိန်များ မြင့်တက်နိုင်

ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်မီ မြန်မာနိုင်ငံ အနှံ့အပြား၌ အပူချိန်များ မြင့်တက်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ၂၀၂၄ခုနှစ်၊ မေ ၂၁ရက်မှ ၂၂ရက်တွင် ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ၊ မေ...

စစ်ကောင်စီက တပ်ဖြန့်ထားသဖြင့် စစ်ရှောင်များတစ်လကျော်ကြာသည်အထိနေရပ်မပြန်နိုင်သေး

စစ်ကောင်စီက တပ်ဖြန့်ထားသဖြင့် စစ်ရှောင်များတစ်လကျော်ကြာသည်အထိနေရပ်မပြန်နိုင်သေး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီက တပ်ဖြန့်ထားသဖြင့် စစ်ဘေးရှောင်ပြည်သူများ အချိန်တစ်လကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်မှစတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ...

ရွေးချယ်ရန် Topics

Monthly Archive

မေ လ၊ 2024 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.