အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏ အဓိကလုပ်ငန်းစဉ်တစ်ခုအဖြစ် ပြည်သူ့ညီလာခံကို လာမည့် ၂၀၂၁ဒီဇင်ဘာလအတွင်း ပြုလုပ်ရန်လျာထားကြောင်း NUCC က ယနေ့နေ့လယ်ပိုင်းတွင် ပြောကြားခဲ့သည်။
ပြည်သူ့ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း ထပ်မံအတည်ပြုသွားရန်လည်း ပါရှိကြောင်း သိရှိရသည်။
ပြည်သူ့ညီလာခံတွင် မပါဝင်သေးတဲ့ အစုအဖွဲ့များကို စည်းရုံးရေး၊ ကြားကာလဖွဲ့စည်းပုံ ပြင်ဆင်ဆွေးနွေး အတည်ပြုရေးနှင့် အများပြည်သူထံ အတည်ပြုထုတ်ပြန်သွားရေးစသည့် လုပ်ငန်းစဉ် (၃)ရပ်ကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း NUCC အဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ပြောသည်။
ပြည်သူ့ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်ခံကောင်စီအနေဖြင့် ခြောက်လတကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ အင်အားစုအသီးသီးနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံသွားမှာဖြစ်ပြီးပြည်သူ့ညီလာခံ၏ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို NUCC က ဦးဆောင်ပြီး တာဝန်ခံကြီးကြပ်သွားမည်ဟုလည်း ထုတ်ပြန်သွားသည်။
ညီလာခံမတိုင်ခင်မီတွင် NUCC ထဲမှာ မပါဝင်သေးသည့် အစုအဖွဲ့တွေကို ပါဝင်လာစေဖို့ ထပ်မံစည်းရုံးသွားမည်ဖြစ်ကြောင်းNUCC အဖွဲ့ဝင် ဦးမိုးသူက ပြောသည်။
“ ပြည်သူ့ညီလာခံမှာ အစုအဖွဲ့တွေအနေနဲ့ပါဝင်နိုင်မယ့် လုပ်ငန်းလမ်းညွှန်ကို မကြာခင်မှာ ထုတ်ပြန်သွားမယ်” ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို အစုအဖွဲ့အဖွဲ့အစည်း (၂၈)ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပြီး ယင်းအစုအဖွဲ့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ပါဝင်ကြောင်းသိရှိရသည်။