Air-KBZ လေယာဉ်၏ Pitot-Tubeအတွင်း သစ်ရွက်များတွေ့ရှိခဲ့သည့်အမှုအတွက် စစ်ဆေးခြင်းခံနေရသည့် Air-KBZမှ လေကြောင်းအင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုမင်းမင်းစိုးသည်အောက်တိုဘာလ၁၇ရက်နေ့ညပိုင်းတွင် အင်းစိန်ထောင်အတွင်း၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ကိုမင်းမင်းစိုးသည် ဩဂုတ်လ၁၂ရက်တွင် Air-KBZလေကြောင်းလိုင်းမှ လေယာဉ်တစ်ခု၏ Pilot-Tubeအတွင်း သစ်ရွက်များတွေ့ရှိသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း စစ်ဆေးခံနေရစဉ် သေဆုံးခဲ့ခြင်းဖြစ်ကာ အောက်တိုဘာလ၁၈ရက်နေ့တွင် မိသားစုထံအကြောင်းကြားခဲ့သည်ဟု ၎င်း၏မိသားစုများထံမှ သိရသည်။
“ ၁၇ရက်နေ့ညဘက် ၈နာရီ၄၅မှာဆုံးတာညီမတို့ကို ၁၈ရက်နေ့ နံနက်ကိုးနာရီလောက်မှာ အသိပေးပါတယ် ” ဟု ၎င်း၏ညီမဖြစ်သူက ပြောသည်။
ကိုမင်းမင်းစိုးသည် Nom-CDMဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်းအပါအဝင် အခြားဝန်ထမ်းများသည် အကြမ်းဖက်စစ်တပ်၏ စွပ်စွဲချက်ဖြင့် စက်တင်ဘာလ၁၁ရက်နေ့တွင် ရုံးမှအစည်းအဝေးခေါ်ယူရာသို့ သွားရောက်ရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်ပိုင်မီဒီယာများ၏ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွင် လေယာဉ်များ၏ Pitot Tube အတွင်းသို့ သစ်ရွက်များထည့်ခြင်းဖြင့် လေယာဉ်လေထဲတွင် ပျံသန်းနိုင်မည့် အနိမ့်ဆုံး အမြန်နှုန်းကို မထိန်းနိုင်ဘဲ ပျက်ကျ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ပြီး လေယာဉ်နှင့် လေယာဉ် လိုက်ပါစီးနင်းသောခရီးသည်များအတွက် အန္တရာယ်ကြီးမားသည့် အခြေအနေဖြစ်ကြောင်း စွပ်စွဲထားသည်ကိုတွေ့ရသည်။
ကိုမင်းမင်းစိုးသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး အင်းစိန်အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့် အကြမ်းဖက်စစ်တပ် ပြန်ကြားရေးတာဝန်ရှိသူ ဇော်မင်းထွန်းထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တစုံတရာ တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။
လက်ရှိအချိန်တွင် ကိုမင်းမင်းစိုး၏ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ပြီဖြစ်ပြီး ယနေ့(အောက်တိုဘာလ၁၉)ရက်နေ့တွင် ရေဝေးသုဿန်၌ သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့မသက်ာသူများ၊ ဆန္ဒပြလူငယ်များကို ဖမ်းဆီးရမိသည့်အခါများ၌ စစ်ကြောရေးစခန်းများသို့ပို့ဆောင်ပြီး နှိပ်စက်ညှင်းဆဲ စစ်မေးလျက်ရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အောက်တိုဘာလ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ၉၀၄၃ဦးကို ဖမ်းဆီးထားပြီး ၁၁၈၁ဦးကို သတ်ဖြတ်ထားကြောင်း သိရသည်။
Air-KBZ Aeronautical Engineer Investigated on Finding Tree Leaves on Air-KBZ Died in Insein Prison
By MPA
Air-KBZ aeronautical engineer KO Min Min Soe who was investigated on finding tree leaves in the Pilot tube of Air-KBZ has died on October 17 evening in Insein Prison.
Ko Min Min Soe was investigated after tree leaves were found in the Pilot tube of one of the Air-KBZ airplanes on October 12 and he died during the interrogation session in Insein Prison and his family was notified on October 18, according to his family.
“He died on October 17, at about 8:45pm and he were informed around 9am, October 19”, said his younger sister.
Ko Min Min Soe was a Non-CDM staffer and other staffers were also arrested on the terrorist military’s accusations when they were going to a meeting called by the office on September 11.
The terrorist military-owned media’s report of the incident, it was said that putting tree leaves in the Pilot tube could have caused the plane not being able to control the lowest speed and fall down, which would have been a dangerous situation for the passengers, the accusation stated.
Regarding the death of Ko Min Min Soe, prison officials from Insein Prison and the terrorist military spokesperson Zaw Min Tun were contacted repeatedly, but there wasn’t any response.
Now, the body of Ko Min Min Soe has been received back and will be buried at Yay Way cemetery today, October 19.
The terrorist military is torturing and interrogating those they suspect and young protesters sending them to interrogation camps when they arrest them.
According to the report of the Amnesty Association for Political Prisoners (AAPP), since the coup the terrorist military has arrested 9043 and killed 1181 civilians.