စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ရဲချုပ်ယာဥ်တန်း မိုင်းဆွဲခံရသဖြင့် ရဲချုပ်တာဝန်နှင့် ကစထ – ၆ ကစထမှူးတာဝန် ပူးတွဲတာဝန်ယူထားသူ ဒု- ဗိုလ်ချုပ်ကြီး သန်းလှိုင် သေဆုံးသည်ဟု ယမန်နေ့( အောက်တိုဘာလ ၁၆ရက်)နေ့က သတင်းများထွက်ပေါ်ပြီး အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်း နေပြည်တော် ရဲချုပ်ရုံးအသိုင်းအဝိုင်းထံက သိရသည်။
” ရဲချုပ်ဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။ ဖြစ်ရင် ကျနော်တို့အရင်သိမှာပါ။ ကားမိုင်းဆွဲခံရတယ်ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး။ သူက လက်ရှိကစထမှူးလည်းဖြစ်တော့ နမခ မှာ သူ့ကို ရဟတ်ယာဥ်သုံးခွင့်ပေးထားတယ်။ သူဘယ်ရောက်နေတယ်ဆိုတာတော့ မသိဘူး။” ဟု နေပြည်တော်ရဲချုပ်ရုံးအတွင်း တာဝန်ထမ်းဆောင်နေသူတဦးက MPA သို့ပြောသည်။
ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အောက်တို ဘာလ ၁၅ ရက်နေ့က နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာပြီး အာဆီယံပြည်ထဲရေးဝန် ကြီးများ တက်ရောက်သည့် မူးယစ်ဆေးဝါးဆိုင်ရာအစည်းအဝေးတခုအား ဗီဒီယိုကွန်ဖရန်းဇင်းဖြင့် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာ MRTVတွင် ဖော်ပြခဲ့ကြောင်း သိရ သည်။
မြောင်မြို့နယ်PDFတပ်ဖွဲ့ကလည်း ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့က မြောင်မြို့နယ်အတွင်း စစ်ကောင်စီကားနှစ်စီးအား မိုင်းဆွဲတိုက် ခိုက်ခဲ့ပြီး ယင်းကားပေါ်တွင် အဆင့်မြင့် အရာရှိတဦးပါဝင်သည်ဟု သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်၏ နောက်ဆုံးအခြေအနေနှင့် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို MPA အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ယုံကြည်ရသူတဦးဖြစ်ပြီး အာဏာတည်မြဲရေးအတွက် ညီအရင်းဖြစ်သူကို ပြန်သတ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသူတဦးဖြစ်ကြောင်း သိရသည်။
News of Lieutenant General Than Hlaing Dead not True
By MPA
After the police chief’s convoy was attacked with blast mines in Myaung township of Sagaing region, there were rumors of lieutenant general Than Hlaing, who holds a joint position as the police chief and KaSaHta 6 special operations commander, dead the day before (October 16), but the news are not true, according to Naypyitaw police community.
“It’s not true that the police chief was dead. If true, we’d know first. It’s even more impossible that the convoy was mine-blasted. As he ‘s the operations commander in the Northwestern, he’s allowed to use helicopters. But we don’t know where he’s at”, said a personnel serving in Naypyitaw Police Chief Office to MPA.
In addition, lieutenant Than Hlaing returned to Naypyitaw on October 15 and attended a video conference meeting on drugs by the ASEAN ministers of home affairs, stated in the military-controlled MRTV.
In the blast mine attack of Myaung township PDF on two SAC military trucks on October 16, it was reported that one high-ranked officer was in the car.
Currently, the latest updates of lieutenant general Than Hlaing and where he is are still being investigated by MPA.
Lieutenant Than Hlaing is a confidant of the coup leader and he is notorious for killing his own brother to stay in power.