နေပြည်တော်ရှိသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုရန်ပိုင်သည်မေလနှစ်ရက်နေ့တွင်အကြမ်းဖက်စစ်တပ်၏ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက်၅လနီးပါးအကြာအောက်တိုဘာလ၁ရက်နေ့နံနက်ပိုင်းတွင်စစ်တပ်၏နှိပ်စက်သည့်ဒဏ်များကြောင့်သေဆုံးသွားခဲ့ကြောင်းသိရသည်။
ကိုရန်ပိုင်သည် အကြမ်းဖက်စစ်တပ်၏စစ်ကြောရေးဒဏ်များကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ပြီးသေဆုံးချိန်တွင်ခန္ဓာကိုယ်တွင်ထိခိုက်ပျက်ဆီးမှုများရှိကြောင်းထိုဒဏ်ရာများကြောင့်ပင် နေပြည်တော်တပ်မတော်ကုတင်၁၀၀၀ဆေးရုံတွင်ကုသရင်းကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၎င်းနှင့်နီးစပ်သူများထံမှသိရသည်။
ကျမသူ့ကိုမဆုံးခင်သုံးရက်လောက်သွားပြီးပြုစုပေးလိုက်ရသေးတယ်။သူကဘာစကားမှတောင်မပြောနိုင်ဘူး။ဆေးစာမှာတော့ရောဂါကြောင့်ဆုံးတယ်လို့ပြောပါတယ်။တကယ်ကသူ့အတွင်းထဲကကလီစာတွေက မကောင်းတော့ဘူး။နံရိုးတွေကလည်းအက်အဆုတ်ဆိုလုံးဝမရှိတော့ဘူး။ ဟုကိုရန်နိုင်၏မိခင်ဖြစ်သူကပြောသည်။
ကိုရန်ပိုင်သည်သေဆုံးချိန်တွင်အသက်၂၉နှစ်ရှိပြီး၎င်း၏မိခင်၊ညီမနှင့်ဇနီးဖြစ်သူတို့ကျန်ရစ်ခဲ့ကြကြောင်းသိရသည်။လက်ရှိအချိန်မှာတွင်ကိုရန်ပိုင်၏ရုပ်အလောင်းကိုပြန်လည်ရရှိခဲ့ပြီဖြစ်ပြီးလာမည့်အောက်တိုဘာလ၂ရက်နေ့တွင်သဂြိုလ်သွားမည်ဟုသိရသည်။
“သူမှာရောဂါအခံလည်းရှိတယ်။ သောက်နေရတဲ့ဆေးတွေကကိုဗစ်ဆေးတွေနဲ့မတည့်ဘူးဆိုတာကို အတင်းထိုးပေးခဲ့ကြတယ်။ လူမဆန်လောက်အောင်ကိုနှိပ်စက်ထားတာပါ” ၎င်း၏မိခင်ကပြောသည်။
ကိုရန်ပိုင်သေဆုံးခြင်းနှင့်ပက်သတ်ပြီး နေပြည်တော်ကျောင်းသားများသမဂ္ဂက ကိုရန်ပိုင်ကျဆုံးမှုသည်တော်လှန်ရေးအတွက်ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီးကျန်ရစ်သူများနှင့်ထပ်တူဝမ်းနည်ကြောင်းနှင့်ကျဆုံးရဲဘော်ကိုရန်နိုင်အားအလေးနီပြုကြောင်းစာထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
အကြမ်းဖက်စစ်တပ်သည်လက်ရှိအချိန်တွင်နိုင်ငံနှင့်အဝှမ်း၎င်းတို့ကိုဆန့်ကျင်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်လျက်ရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)စက်တင်ဘာလ၃၀ရက်နေ့အထိထုတ်ပြန်ထားသောစာရင်းများအရ စစ်တပ်သည်အပြစ်မဲ့ပြည်သူ၁၁၀၀ကျော်ကိုသတ်ဖြတ်ထားပြီး ၈၄၀၀ကျော်ကိုဖမ်းဆီးထားသည်။