ဟားငါးကောင်အဖွဲ့မှ တော်လှန်လူရွှင်တော် ဝိုင်းကျော်၏ ရုပ်အလောင်းကို မေလ၂၄ရက်တွင် ထိုင်းနိုင်ငံ၊မဲဆောက်မြို့တစ်နေရာ၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
လူရွှင်တော်ဝိုင်းကျော်သည် ယနေ့(မေလ၂၂ရက်)နေ့ခင်း၁၁နာရီခွဲကျော်တွင် မဲဆောက်ဆေးရုံ၌ ၉၆ပါး ရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး ရုပ်အလောင်းအား မဲဆောက်ဆေးရုံမှ ယနေ့ ထုတ်ယူပြီးစီးခဲ့ပြီးဖြစ်ကြောင်း ဟားငါးကောင်အဖွဲ့ထံက ပြောသည်။
“ ဒီနေ့ ၉၆ပါးရောဂါနဲ့ မဲဆောက်ဆေးရုံကြီးမှာ ဆုံးတာပါ” ဟု ဟားငါးကောင်အဖွဲ့မှ လူရွှင်တော်တိုးကျော်က MPAသို့ ပြောသည်။
တော်လှန်လူရွှင်တော် ဝိုင်းကျော်သည် သေဆုံးချိန်တွင် အသက် ၃၈နှစ်ရှိပြီဖြစ်ပြီး မဲဆောက်ဆေးရုံ၌ ဆေးကုသမှု ခံယူရင်း ဆုံးပါးသွားခြင်းဖြစ်သည်။
လူရွှင်တော်၅ဦးဖြင့် ဖွဲ့စည်းထားသော ဟားငါးကောင်အဖွဲ့သည် အာဏာသိမ်းချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီအား အနုပညာဖြင့် တော်လှန်နေကြသူများဖြစ်သည်။
![](https://mpapress.com/wp-content/uploads/2024/05/002-2-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/003-1-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/004-1-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/၀၀၅-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/006-1-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/007-1-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/008-1-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/IMG_4391-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/IMG_4391-2-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/05/IMG_4487.JPG-1024x768.jpg)