ကျိုက်မရောမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူများကို အကူအညီပေးနေသော မွန်ပြည်နယ်လွှတ် တော်ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးနှင့် သတင်းထောက်ဟောင်းတို့ကို စစ်ကောင်စီက စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
ဒေါက်တာအောင်နိုင်ဦးနှင့် မော်လမြိုင်အခြေစိုက် သတင်းထောက်ဟောင်း နေမင်း(အမည်ရင်း-ကိုမျိုးအောင်)တို့သည် ယနေ့(ဧပြီ၁၀ရက်)နံနက် ၉နာရီခန့်က ကျိုက်မရောမြို့နယ်၊ကော့သပ်နှင့် ကော့ဇွဲကျေးရွာရှိ စစ်ဘေးသင့်ပြည်သူများကို ကူညီရန် ကားဖြင့် သွားစဉ် မော်လမြိုင်စက်မှုဇုန်၌ စစ် ကောင်စီတပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံကသိရသည်။
“အဲကနေ မော်လမြိုင်၊ ဒိုင်းဝန်ကွင်းရဲစခန်းကိုပို့တယ်။ ဒီနေ့ ညနေအထိ ဒိုင်းဝန်ကွင်းရဲစခန်းမှာပဲ။အ ချုပ်ထဲထည့်ထားတာတော့ မဟုတ်ဘူး။စစ်ဆေးမေးမြန်းတာပဲ။အခုထိလုံးဝ ဖမ်းထားတာမျိုးတော့မဟုတ် သေးဘူး”ဟု မော်လမြိုင်မြို့ခံ ပရဟိတသမားတစ်ဦးက ယနေ့ ညနေ၆နာရီခွဲကျော်တွင် ပြောသည်။
ဒေါက်တာအောင်နိုင်ဦးနှင့် ကိုနေမင်းတို့သည် မွန်ဆရာတော်များဦးဆောင်သည့် ရာမညနိကာယပရ ဟိတအဖွဲ့တွင် ဆောင်ရွက်နေပြီး ယနေ့နံနက်ပိုင်း၌ ရာမညနိကာယအဖွဲ့ပိုင် ကားဖြင့် ထောက်ပံ့ ပစ္စည်းများတင်ဆောင်ကာ ကျိုက်မရော စစ်ဘေးသင့်ပြည်သူများထံသို့ သွားစဉ် စစ်တပ်က ဟန့်တား ခဲ့ခြင်းဖြစ်သည်။
“ရာမညနိကာယအဖွဲ့က လှူဒါန်းတဲ့ ထောက်ပံ့ပစ္စည်းတွေ သွားကူညီတာပါ။ရာမညနိကာယဆိုတာ ပြည်တွင်း၊ပြည်ပက မွန်ပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ မွန်ဆရာတော်တွေက ဦးဆောင်ပြီး အကူအညီ ပေးနေတဲ့အဖွဲ့ပါ” ဟု ဒေါက်တာအောင်နိုင်ဦးနှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဒေါက်တာအောင်နိုင်ဦးသည် အာဏာသိမ်းပြီးနောက် မွန်ညီညွတ်ရေးပါတီ၏ ဗဟိုအမှုဆောင်အဖြစ် မှ နှုတ်ထွက်ခဲ့ကာ ရာမညနိကာယပရဟိတအဖွဲ့တွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်သည်။
ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀ရွေးကောက်ပွဲ၊၂၀၁၅ရွေးကောက်ပွဲနှင့် ၂၀၂၀ရွေးကောက်ပွဲတို့ တွင် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ၃ကြိမ်ဆက်အနိုင်ရခဲ့သူဖြစ်ပြီး NLDအစိုးရလက်ထက် ၌ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။