[ English Below ]
By MPA
လှိုင်သာယာမြို့နယ်တွင် ဩဂုတ်လ၂၂ရက်နေ့ညက ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီး အဆောင်ငှားရမ်းပြီးနေထိုင်သူ လူငယ်ငါးဦးနှင့်အထက်အဖမ်းခံခဲ့ရကြောင်းသိရသည်။
“ ကျွန်တော်တို့ လက်ရှိအချိန်ထိရရှိတဲ့သတင်းတွေအရ မနေ့ညက ငါးယောက်ဖမ်းခံရတာတော့ အတည်ပြုလို့ရတယ်။ အဲ့ထက်ပိုနိုင်ပါတယ်“ လှိုင်သာယာမြို့နယ် ဒေသခံလူငယ်တစ်ဦးက MPAသို့ ပြောသည်။
ဩဂုတ်လ၂၂ရက်နေ့ညက လှိုင်သာယာမြို့နယ်၁၀ရပ်ကွက်ရှိ အဆောင်တစ်ခုမှ လူငယ်ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် ဧည့်စာရင်းဖြင့်ဖမ်းဆီခံရခြင်းဖြစ်ပြီး နောက်ဆက်တွဲအခြေအနေများကို သိရှိရခြင်းမရှိသေးပေ။
မနေ့ကနံနက်ပိုင်းတွင်လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့်လူငယ်အချို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့သည်။
ထို့နောက်ညနေပိုင်းတွင် ရွှေလင်ဗန်းစက်ရုံအနီး မီးသတ်ရုံးနားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်းသိရသည်။လှိုင်သာယာမြို့နယ်တွင် ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်က လူငယ်အမြောက်အမြားကိုဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများတွင် တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာရှင်ကိုဆန့်ကျင်သည့်လူငယ်များပါဝင်ခဲ့သလို ပြီးခဲ့တဲ့အပတ်က ပရဟိတလူငယ်တစ်ဦးဖြစ်သူ ကိုသားဇော်အပါအဝင် လူငယ်၂၀ဦး ထက်မနည်း အဖမ်းအခံခဲ့ရသည်။
အကြမ်းဖက်စစ်တပ်က လက်ရှိအချိန်တွင်မြို့ကြီး အများအပြားတွင် ပိုက်စိပ်တိုက်ရှာဖွေခြင်းများ၊ လူငယ်များကိုဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP၏ထုတ်ပြန်ချက်အရ ဩဂုတ်လ၂၂ရက်နေ့အထိ စစ်တပ်မှ ဖမ်းဆီးခြင်းခံရသူ၅၀၀၀ကျော်ရှိပြီး သတ်ဖြတ်ခြင်းခံရသူ ၁၀၀၉ဦးရှိလာပြီဖြစ်သည်။
Photo- CJ
#လှိုင်သာယာ #ဖမ်းဆီးခံရ #MPA
[ English Version ]
More than Five Young People in a Dormitory Arrested in Last Night’s Shooting in Hlaing Thar Yar
By MPA
On August 22 night, there was a shooting in Hlaing Thar Yar township and more than five young people, who were staying in a rented dorm, were arrested.
“According to the latest update, it was confirmed that five were arrested. It could be more than that,” said a Haling Thar Yar resident to MPA.
On August 22 night, more than five young people from a dorm in Ward 10 were arrested. They were reportedly arrested on guest list issue and no further information has been known about them.
Yesterday morning, there was a shooting on the Bayint Naung Bridge in Hlaing Thar Yar between the terrorist military and some young people and one soldier was killed. Another shooting took place near Shwe Lin Pan factory (near Fire Brigade) later the same day.
In Hlaing Thar Yar Township, many young people have been arrested by the terrorist military within the month of August.
Among the arrested were activists and anti-military dictatorship young people. Last week, more than 20 young people including a charity volunteer Ko Thar Zaw were arrested.
Currently, the terrorist military is carrying out intense searches in many big cities and young people are getting arrested. According to the report of the Amnesty Association for Political Prisoners (AAPP) per August 22, more than 5000 have been arrested and 1009 have been killed by the military.