By MPA
ရှမ်းပြည်နယ် ” ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ ပါတီတခုဖြစ်သည့် ” ဝ” အမျိုးသားပါတီ (W NP)၏ စစ်ကောင်စီကိုထောက်ခံခဲ့သည့် ရပ် တည်ချက်အပေါ်တွင် တန့်ယန်း ” ဝ” လူငယ် ကွန်ယက်က ကန့်ကွက်ကြောင်းသဘောထားကြေငြာ ချက် ထုတ်ပြန်လိုက်သည်။
” ဝ” အမျိုးသားပါတီအနေဖြင့် ယခုလ ၄ရက်နေ့ က အာဏာသိမ်းစစ်ခေါင်းဆောင်ပြောကြားသွား သည့်မိန့်ခွန်းပါအချက်အလက်များအား ထောက် ခံကြောင်းနှင့် စစ်ကောင်စီနှင့် ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၈ ပါ တီ ပူးတွဲလက်မှတ်ရေးထိုးထုတ်ပြန်ချက်တွင် ပါ ဝင်နေသည့် တိုင်းရင်းသားပါတီတခုဖြစ်ကြောင်း သိရသည်။
ယင်းသို့လက်မှတ်ရေးထိုးမှုမှာ ရေးထိုးသူ ဥက္ကဌ ၏ သဘောထားသာဖြစ်ပြီး ပါတီနှင့် သက်ဆိုင် ခြင်းမရှိကြောင်း ” ဝ” အမျိုးသားပါတီက ပြန် လည်ထုတ်ပြန်ခဲ့သည့်အပေါ် WNP ၏ စစ်ကောင်စီအပေါ် သဘောထားရပ်တည်ချက်အား ” ဝ” လူငယ်များ ကွန်ယက်မှ သိရှိလိုကြောင်း ရေး သားဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီနှင့်ပူပေါင်းမည့်အပေါ် လက် မှတ်ရေးထိုးခြင်းသည် ” ဝ” တမျိုးသားလုံး၏ ဂုဏ်သိက္ခာနှင့် နိုင်ငံရေးရပ်တည်ချက်အပေါ် များစွာထိခိုက်စေပြီး စစ်ကောင်စီ၏ ရက်စက် ယုတ်မာသော လုပ်ရပ်များအပေါ်မြင်နေ၊သိနေရက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် အကြံပြုတိုက်တွန်းကြောင်း ရေးသားထား သည်။
တန့်ယန်း ” ဝ” လူငယ်ကွန်ယက်အနေဖြင့် လွပ်လပ်သည့်အဖွဲ့အစည်းဖြစ်ပြီး မည်သူတဦးတယောက်၏သြဇာလွှမ်းမိုးမှုအားလက်မခံကြောင်း
နှင့် ” ဝ “ အမျိုးသားပါတီအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ၄င်းတို့ “ ဝ“ လူငယ်ကွန်ယက်၏ အား ပေးထောက်ခံမှု ဆုံးရှုံးသွားရန်ရှိကြောင်း ဖော်ပြထားသည်။
#WNP #ရပ်တည်ချက် #” ဝ” လူငယ်ကွန်ယက် #သဘောထားထုတ်ပြန် #MPA