မကွေးတိုင်း၊ မြိုင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသောတပ်ကို တစ်ရက်တည်းနှင့် ၃ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့မှ နေ၍ မြိုင်မြို့နယ်ဘက်သို့လာသော အင်အား ၁၅၀ ၀န်းကျင်ပါ စစ်ကြောင်းကို ကမ္မမြို့နှင့် မြိုင်မြို့နယ် တွင်းမ ပျူစောထီး ကျေးရွာ ကြား၌ မတ်လ ၅ ရက်၊နံနက် ၁၀ နာရီ ခန့်၌ တစ်ကြိမ်၊ ညနေ ၄ နာရီ ခန့်၌ တစ်ကြိမ်နှင့်ပခုက္ကူမြို့နယ်အတွင်း ညနေ ၆ နာရီ ခန့်၌ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ ပထမဆုံး ကမ္မကနေ ထွက်လာတော့ တွင်းမ ပျူရွာ ကြားမှာ တိုက်မိုင်း ၁၀ လုံး နဲ့ တိုက်တယ်။ ၃ ယောက် သေတယ် သိရတယ် ။ ညနေပိုင်း သူတို့ ဆက်တိုးလာတော့ ညနေ ၄ နာရီလောက်မှာ ပေပါမိုင်း ဆွဲ တိုက်တာမှာ ၄ ယောက်သေပြီး ၉ ယောက်လောက် ဒဏ် ရာရတယ်” ဟု မြိုင် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းသည် ကားများဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ရှေ့ပြေးလုံခြုံရေးအဖြစ် ခြေလျင်လျှောက်လာသော စစ်သားများလည်း ရှိသည်။
မိုင်း၂ ကြိမ်အဆွဲခံရပြီးနောက် ဒဏ်ရာ ရ စစ်သားများကို ပခုက္ကူသို့ ကားဖြင့် ပြန်ပို့စဉ် ကမ္မမြို့နှင့် ပခုက္ကူ မြို့ ကြားရှိ ပခုက္ကူမြို့နယ်၊ကန်တော် ရွာ အနီးတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက် ခဲ့ သေးကြောင်း သိရသည်။
မိုင်းဆွဲခံရသည့်စစ်ကြောင်းသည် ကမ္မမြို့၏ မြောက်ဘက် အင်းဘတ် ကျေးရွာ ၌ ညအိပ် တပ်စွဲ ကာ ယနေ့(မတ်၆ရက်)နံနက်တွင်တွင်းမ ပျူစောထီး ရွာသို့ ရှေ့ပြေးများ ရောက်ရှိနေကြောင်း သိရသည်။
“ မနေ့ က ညနေပိုင်းက ၃၀ လောက်က ကမ္မကို တပ်ပြန်ခေါက်တယ်။ ဒဏ်ရာ ရတာတွေရောပြန် ပို့ရင်းေပါ့။ ကျန်တဲ့ သူတွေကတော့ ခု မနက်ထိ တော့ အင်းဘတ် ရွာထဲမှာပဲ ။ ရှေ့ပြေး တချို့ တွင်းမ ပျူရွာထဲ ၀င်တယ် သိရတယ် ။ ဆက်တက် လာဖို့ တော့ များတယ်” ဟု မြိုင် ပကဖ တပ်ရင်း ၁၊ တပ်ခွဲ ၂ ( ဂဠုန် ပြောက်ကျား တပ်ဖွဲ့) တာ၀န်ခံ ရဲဘော် အကိုလေးက ပြောသည်။
မိုင်းဆွဲခံရပြီး အထိနာသွားသော ယင်းစစ်ကြောင်းသည် ပခုက္ကူမြို့နယ်၊အင်းဘတ်ရွာ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကမ္မမြို့ပေါ်မှ အသက် ၇၀ အရွယ်နှင့် အသက် ၄၁ နှစ် အရွယ်ရှိ သားအမိ နှစ်ဦး ကိုလည်း နေအိမ် အတွင်း၌ပင် အုပ်စုဖွဲ့ မုဒိမ်းကျင့်၍ သတ်ဖြတ် သွားခဲ့သေးကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန် ထားသည်။
မိုင်းဆွဲ တိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်းများ ၊ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့ ၊Myaing UVA တပ်ဖွဲ့ ၊ယူနီယံ ဘရားသား တပ်ဖွဲ့၊ Earthquake PDF တပ်ဖွဲ့၊ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၂) ၊ ကမ္မ တပ်ပေါင်းစု အဖွဲ့များနှင့် ပခုက္ကူပကဖ အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားသည်။
စစ်သာများ သေဆုံး၊ဒဏ်ရာရမှုနှင့် ကမ္မမြို့သူ ၂ဦး မုဒိမ်းကျင့်ခံရမှုအပေါ် MPA အနေနှင့် သီးခြားအ တည်မပြုနိုင်ပေ။