တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ အမြှောက်တပ်ကို ဗထူးတပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့တွင် ထုတ်နြပ်ထားသည်။
ပြီးခဲ့သည့် မတ် ၃ရက်၊ ညနေ ၅နာရီခန့်တွင် ဇဟာအမြှောက်တပ်မှ တန်းစီနေချိန်၌ အဝင်တပ်ဂိတ်နှင့် တပ်ရင်းအတွင်းသို့ ၄၀ မမနှင့် လက်နက်င်များအသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော်ထက်မြက်ကပြောသည်။
“တပ်အင်အားက အတိအကျ မသိရဘူးဗျ၊ သူတို့တပ်တွေက အမြဲတမ်းအပြောင်းအလဲလုပ်နေကြတာဆိုတော့၊ သူတို့တပ်ရင်းမှာ တန်းစီနေတဲ့အချိန် တိုက်ခိုက်ခဲ့တာ၊ စစ်သား လေးယောက်သေတယ်ဆိုတာ တပ်တွင်းသတင်းအရ အတည်ပြုလို့ရပါတယ်” ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်ကေင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ကျတော်တို့ဘက်က ၄၀ မမ ၄လုံးသုံးခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီးကော၊ လက်နက်ငယ်တွေနဲ့ကော ဆက်တိုက်ပြန်ပစ်တာ” ဟု၎င်းကဆိုသည်။
ယခုနှစ်အတွင်း ထားဝယ်မြို့၌ စစ်ရေးအရှိန်မြှင့်တင်တော့မည်ဖြစ်သောကြောင့် စစ်သား၊ ရဲနှင့် ပျူစောထီးများ ပြည်သူ့ရင်ခွင် ဝင်ရောက်ရန်နှင့် ပြည်သူများကလည်း အသွားအလာသတိပြုရန် ဗထူးတပ်တပ်မတော်က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက် နေ့လည် ၁၂နာရီ ခန့်တွင် ထား၀ယ်နည်းပညာတက္ကသိုလ်အနီး ဘုရားမဲဂိတ်နှင့် ကပ်လျက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်ကို ဗထူးတပ်မတော်က တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးသေဆုံးခဲ့သေးသည်။