မန္တလေးရှိဆရာတော်များအနေဖြင့်မကြာမီရက်ပိုင်းအတွင်း စစ်တပ်၊ရဲတပ်ဖွဲ့ဝင်များနှင့်အတူလုံခြုံရေးတာဝန်ယူရမည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့လက်ရှိသိတာကတော့ လာမယ့်သန်ဘက်ခါကနေစပြီး လုံခြုံရေးယူရမယ်လို့ကြားပါတယ်။အသေးစိပ်တော့မသိရသေးပါဘူး”ဟု မန္တလေးဆရာတော်များနှင့်နီးစပ်သူ တဦးက ပြောသည်။
အဆိုပါဆုံးဖြတ်ချက်မှာပြီးခဲ့သည့် သြဂုတ်လ၁၃ရက်နေ့ကမဟနဆရာတော်ကြီးများနှင့်စစ်ကောင်စီတို့အစည်းအဝေးများပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှတစ်ရက်လျှင်ဆရာတော်အပါးသုံးဆယ်အထိ တောင်းခံခဲ့ပြီးဆရာတော်များဘက်မှသုံးပါးသာပေးရန်နှင့်ဘုန်းကြီးများနယ်ကူးလက်မှတ် ကိုင်ဆောင်ရန်သဘောမျှခဲ့ကြကြောင်း အစည်းအဝေးမှတ်တမ်းများထွက်ပေါ်နေသော်လည်းMPAအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကိုMPAမှ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းကြည့်ခဲ့ရာ”ကျွန်တော်တို့ဆီတော့ စာမရောက်သေးပါဘူး။သိရသလောက်ဆရာတော်တွေကိုလုံခြုံရေးစောင့်ခိုင်းဖို့မဟုတ်ဘူး။သံဃာ့သပိတ်ကြောင်းတွေလည်းရှိတော့အဲ့တာတွေကိုထိန်းဖို့ပေါ့။ ပြောရရင်သံဃာစင်ထားတဲ့သဘောပေါ့” ဟုဖြေကြားခဲ့သည်
မန္တလေးတွင် ဆရာတော်များကိုလုံခြုံရေးယူရန်သတင်းများမှာ သြဂုတ်လ၁၃ရက်နေ့ညကထွက်ပေါ်ခဲ့သည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး “ဘုန်းဘုန်းအချင်းချင်းတိုက်ပေးတာဖြစ်တယ်။ဘုန်ကြီးနဲ့ပြည်သူကိုတိုက်ပေးတာဖြစ်တယ်။”ဟုဆရာတော်ဓမ္မမေတ္တာက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။
မန္တလေးတွင်သံဃာများပါဝင်သည့်ပိတ်စစ်ကြောင်းမှာအားကောင်းမောင်းသန်ဖြင့်ရက်ပေါင်း၁၈၀ကျော်အထိစစ်အာဏာရှင်အလိုမရှိကြောင်းသပိတ်စစ်ကြောင်းများပြုလုပ်လျက်ရှိနေသည်။
စစ်တပ်၏လုံခြုံရေးတွင်ဆရာတော်များထည့်သွင်းလာရခြင်းမှာ မန္တလေးသံဃ သပိတ်စစ်ကြောင်းကိုထိန်းချုပ်ရန်ဦးတည်ထားခြင်းဖြစ်ကြောင်းယူဆနိုင်သည်။
လက်ရှိအချိန်တွင်စစ်တပ်အာဏာသိမ်းမှုခြောက်လကျော်ကာလဖြစ်သည့်သြဂုတ်လတွင်စစ်တပ်သည် သပိတ်စစ်ကြောင်းအသီးသီးကိုပုံစံအမျိုးမျိုးဖြင့်ဖြိုခွင်းရန်ကြိုးပမ်းလျက်ရှိနေသည်။
မြို့ကြီးများတွင်ရှာဖွေမှုများပိုက်စိပ်တိုက်လုပ်ဆောင်လာသည်ကိုတွေ့ရပြီးညအချိန်ဖမ်းဆီးခြင်းများလည်းပိုမိုပြုလုပ်လာလျက်ရှိသည်။နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ သြဂုတ်လ၁၃ရက်နေ့အထိထုတ်ပြန်ချက်များအရစစ်တပ်၏မတရားဖမ်းဆီးခြင်းခံရသူ၅၅၀၀ကျော်ရှိနေပြီး သေဆုံးသူ၉၆၀ကျော်ရှိပြီဖြစ်သည်။
Photo_MPA(မန္တလေးတွင် ဖြတ်သန်းသွာလာခွင့်ပိတ်ထားသော လမ်းတစ်ခုကိုတွေ့ရစဉ်)
Mandalay Monks to Soon Work as Security Guards During the Day
By MPA
It has been learnt that Mandalay monks will work as security guards together with the military and police in a few days.
“What we’ve learnt so far is that they’re going to work as security forces from the day after tomorrow. But no details have been known yet,” one close to Mandalay monks said.
The decision came after a meeting of Mahana monks with the SAC on August 13.
The SAC has asked for thirty monks per day but the monks only agree to give three. Even though rumors had it that there was an agreement for the monks to hold interstate passports on the meeting minute, MPA could not individually confirm it.
When asked, one close to the Mandalay police community said to MPA, “We haven’t received any letter yet. As far as I know, it’s not to work for security but to control the monks as there have been monk strikes. It’s kind of like coaxing the monks.”
The news of monks working as security in Mandalay came out on August 13 night. “It’s using monks against monks. It’s using monks against the people,” said Sayadaw Dhama Metta said on his social media regarding it.
In Mandalay, anti-military dictatorship strikes by monks are still strongly going after more than 180 days. It could be assumed that the military’s inclusion of the monks in their security forces is to control monk strikes in Mandalay.
Currently with more than six months into the military coup, the military is still trying to crackdown the strikes in all sorts of forms. In big cities, there have been more frequent searches and more arrests at nights. According to the report of the Amnesty Association for Political Prisoners (AAPP) per August 13, more than 5500 have been unjustly arrested and more than 960 have been killed by the military.
Photo _ MPA (A Passing-Prohibited Junction in Mandalay)