ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု၊လက်ပခုန်ရွာအနောက်ဘက် နတ်ရေတွင်းရွာတောင်ဘက် ထန်းပင်ကွင်းတွင် စကစစစ်ကြောင်းကို ပြည်သူ့ရဲဘော်များမှ sniperဖြင့်ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ၁ဦးသေ ၁ဦးဒဏ်ရာရခဲ့ကြောင်း PPDFတပ်ရင်း ၃၆၀၁ ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၃ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် သစ်ပုတ်မှထွက်လာသော စကစ အင်အား ၂၆ဦးရှိ စစ်ကြောင်းကို ထန်းပင်ကွင်းတွင် sniperဖြင့်ချောင်းမောင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကပြောသည်။
“ သစ်ပုတ်ကနေ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးထွက်လာတာ၊သေတာအတည်ပြုရတယ်၊sniperနဲ့ဆိုတော့မျက်မြင်ပေါ့၊စခတွေဘက်က လက်နက်ငယ်ရော၊လက်နက်ကြီးရောသုံးပြိးပစ်တာ” ဟု၎င်းကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စကစသေဆုံးအလောင်းကို လက်ပံခုန်ရွာရှိနေအိမ်များနှင့်အတူမီးရှို့ဖျက်ဆီးခဲ့ပြီး ထိုစစ်ကြောင်းမှာ ယခုလက်ရှိ လက်ကြီးရွာသို့ရောက်ရှိနေကြောင်းသိရသည်။
“ ရွာထဲကအိမ်အကြီးတွေပဲလေးလုံးလောက်ရှိတယ်၊ကျန်တာကရွာအပြင်ဘက်ကတဲတွေ ၁၄လုံးလောက်ရှိတယ်၊တဲသာပြောတာ နေဖို့သေချာဆောက်ထားတဲ့အိမ်တွေ” ဟု လက်ပံခုန်ရွာသားတစ်ဦးကပြောသည်။
ယခုလက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်နေသောကြောင့် စကစတပ်ဖွဲ့၀င် ရဲ၊စစ်သား များကို အမြန်ဆုံးပြည်သူနှင့်ပူးပေါင်းကာ အလင်း၀င်ရန်လည်း PPDF တပ်ရင်း ၃၆၀၁ က တိုက်တွန်းထားသည်။
ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(၃၆၀၁ PPDF)တပ်ရင်း တပ်ရင်း Sniperအဖွဲ့နှင့်တပ်ခွဲ (၁)တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။