စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်၆၀ကျော်အရွယ် အဘိုးတစ်ဦး သေဆုံးသွားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၅ရက်၊မွန်းလွဲ ၁နာရီ၊ ည၈ နာရီနှင့် ည ၁၁နာရီတို့ တွင် တန့်ဆည်မြို့နယ် အနောက်ခြမ်း ၊တောင်ကျောင်းကျေးရွာ အနီးရှိ သရက် ခြံကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အသက်၅၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့ ကြောင်း ဒေသခံ အချို့ထံက သိရသည်။
“ နေ့လည်းမနားဘူး ၊ညလည်းမနားဘူး၊ လာပစ်နေတယ်။ အဝေးကြီးကစ အသံတွေကြားနေရတယ်။ ကြားရတဲ့အသံက မြေပါတုန်တယ်။ အဘိုးကတော့ တစ်ခါတည်း ပွဲချင်းပြီးသေသွားခဲ့တာ။ အဘွားကတော့ အသက်ဆက်နေရတယ်” ဟု ဒေသခံ LPDFရဲဘော် တစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် လေယာဉ်ပေါ်မှ ဗုံးကြဲချသည့်အပြင် စက်သေနတ်ဖြင့်လည်း အချက်များစွာပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ည၁၁ နာရီ အချိန် ဗုံးကြဲ ပစ်ခတ်စဉ် သရက်ခြံအတွင်း လူသေဆုံး၊ထိခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သရက်ခြံအတွင်းရှိ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ ဘာသတင်းရလို့လဲ မသိဘူး။ တိုက်ပွဲကတော့ မရှိတာ ကြာနေပြီ။ စစ်တပ်က နေ့ရောညပါ အချိန်မရွေး လာပစ်နေတာ။ လေကြောင်းရန်ကာကွယ်ဖို့ သေချာ ပြင်ထားဖို့ လိုအပ်ပါတယ်” ဟု တန့်ဆည်အခြေစိုက် Platt Suport Force ပြန်ကြားရေးတာဝန်ခံကဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရသူတို့မှာ သရက်ခြံပိုင်ရှင်များဖြစ်ကြောင်းသိရသည်။