ယမန်နေ့နှင့် ယနေ့တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးအား ရန်ကုန်မြို့၌ အကျဥ်းချုံး၍ သာပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဥက္ကဌက တရုတ်နှစ်သစ်ကူးနေ့ကို ကိုယ်တိုင်တက်ရောက်ကာ ပွဲလုပ်ပေးလေ့ ရှိသော်လည်း ယခုနှစ်တွင် ယင်းသို့ မပြုလုပ်တော့ပေ။
ယခုနှစ် တရုတ်နှစ်သစ်ကူး မတိုင်မီ လအနည်းငယ်အလိုက ဖြစ်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ တရုတ်၏ ကျောထောက်နောက်ခံ ပေးမှုများကြောင့် စစ်ကောင်စီဘက်က တရုတ်နိုင်ငံအပေါ် မကျေမနပ် ဖြစ်နေခြင်းများလည်း ရှိထားသည်ကို တွေ့ရသည်။
နဂါးနှစ်အဖြစ် သတ်မှတ်သည့် ယခုနှစ် တရုတ်နှစ်သစ်ကူး အခါသမယ၌ ရန်ကုန်မြို့ရှိ တရုတ်နွယ်ဖွားများက ဆွေမျိုးများထံ အလည်အပတ်သွားခြင်း၊ ဘုံကျောင်းများ သွားရောက်ဆုတောင်ခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများဖြင့် ဖြတ်သန်းလျှက်ရှိကြောင်း သိရသည်။