စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ကင်းပုန်း၀ပ်ရန်ထွက်လာသော စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ်(၄) တပ်ရင်းက ဖေဖော်ဝါရီ ၆ရက်တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၅ရက်၊ ညနေပိုင်းကညောင်ဖြူပင်ရဲစခန်းမှ အင်အား ၁၀ ဦးကျော်ဖြင့် ထွက်လာသည့် စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ် (၄)တပ်ရင်း မှ ပြန်ကြားရေးတာ၀န်ခံ က ပြောသည်။
“ ပစ်ကွင်းထဲ ၀င်လာတာဗျ၊ သူတို့ ထွက်လာတာကို သတင်းရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ” ဟု ၎င်းကပြောသည်။
“ လက်နက်ကြီးတော့ မပါဘူးဗျ၊ ဟုတ်အတည်ပြုရပါ့တယ်ဗျ၊တပ်တွင်း ဖရဲသီး သတင်း အရ ကျွန်တော်တို့ မဟာမိတ် ရဲဘော် မျက်မြင်အရအတည်ပြုနိူင်ပါ့တယ်ဗျာ့၊ရဲဘော်တွေ အထိခိုက်မရှီ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု 5/ Commando Force တာ၀န်ခံ ကိုဝေကြီးကပြောသည်။
အထက်ပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force PDF နှင့် ဗန္ဒုလအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။