ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အခြေစိုက် ခလရ ၅၈ တပ်အနီး သြဂုတ် ၃ ရက် ယနေ့ည ၈နာရီအချိန်ခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။
ယင်း စစ်ကောင်စီတပ်သို့ KIAတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်လာ၍ တပ်အနီး တောတွင်း၌ တိုက်ပွဲ ဖြစ်ပွားနေပြီး ခလရ ၅၈ တပ်က လက်နက်ကြီး ပစ်ကူဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
“ ၈နာရီလောက်က စပြီး အပြန်အလှန်ပစ်ခတ် သံတွေကြားနေရတယ်။ အဲ့ဒီတပ်နားက တောထဲမှာဖြစ်နေတာကို ဝိုင်းမော်တပ်က ပစ်ကူပေးနေလို့ သိရတယ်။ ခုလက်ရှိထိ ပစ်ခတ်နေတုန်းဘဲ” ဟု ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ယနေ့မနက်အစောပိုင်း ၁နာရီကျော်အချိန်ဝန်း ကျင်ကပင် အဆိုပါတပ်စခန်းအနီး တိုက်ပွဲ ဖြစ် ပွားခဲ့ပြီး ယခုထပ်မံဖြစ်ပွားနေကြောင်း သိရသည်။
လေးရက်အတွင်း ယခု တစ်ကြိမ်နှင့်ဆိုလျှင် အဆိုပါတပ်အနီးတွင် ၃ ကြိမ်မြောက် တိုက်ပွဲ ဖြစ်ခြင်း ဖြစ်သည်။
KIA Launched Attack on Wine Maw Town’s Khalaya 58th Base Again
By MPA
There was a clash at about 8:30pm tonight, August 3, near Kahlaya 58th Base in Wine Maw of Kachin State, according to locals.
It has been learnt that it was the KIA launching attack again on the SAC military’s base and the fighting took place near the base in the forest and the 58th base fired with large-scale weapons.
“We heard exchanges of shots since about 8pm. The fighting took place in the forest and we heard that the Wine Maw battalion is helping them. They’re still shooting now,” a local said to MPA.
Earlier this morning around a little after 1am, there was an initial clash near that base and this is the second clash.
This is the third time they have fought near that base in four days.