ထွက်ပြေးနေသော စစ်သားများကို ရှင်းလင်းနိုင်ရေးအတွက် လောက်ကိုင်မြို့တွင်းရှိ မြန်မာများကို ကိုးကန့်တပ်မတော် MNDAA က နေရပ်ပြန်ခိုင်းနေကြောင်း သိရသည်။
လောက်ကိုင်မြို့တွင်MNDAAနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ် သားနှင့် စစ်တပ်လက်အောက်ခံပြည်သူ့စစ်အချို့သည် လက်နက်များယူဆောင်ကာ ထွက်ပြေးကြပြီး လောက်ကိုင်မြို့တွင်း၌ ဓားပြတိုက်ခြင်းနှင့် ခိုးဝှက်ခြင်းတို့ကျူးလွန်နေကြောင်း ဇန်နဝါရီ ၄ရက်တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက-လောက် ကိုင်)က ဗိုလ်မှူးချုပ် ၆ဦးအပါအဝင် ထောင်နှင့်ချီသော စစ်သားများ လက်နက်ချပြီးနောက် MNDAA တပ်က လောက်ကိုင်မြို့တွင်းရှိ နေအိမ်များကို လိုက်လံ စစ်ဆေးကာ မြန်မာများ တွေ့ပါက နေရပ်ပြန်ခိုင်းနေခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့တွင်း လက်ရှိနေထိုင်နေသူအချို့ထံက သိရသည်။
“ သူတို့ကထွက်ပြေးကြတော့လက်နက်တွေပြန်မအပ်ကြဘူး။လက်နက်တွေယူပြီးထွက်ပြေးကြတာ။ လက်နက်အစစ်နဲ့ဆိုတော့အကွပ်မဲ့ကြမ်း ဗရမ်းဗတာလိုမျိုးဖြစ်နေတာ။အဲ့လက်နက်နဲ့ ပြည်သူတွေကို ပြန်ခြိမ်းခြောက်ပြီးခိုးတယ်၊ဓားပြတိုက်တယ်။ အဲလိုတွေလုပ်တော့တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်စစ်ပြီး ပြန်ပို့တာ “ ဟု လောက်ကိုင်မြို့တွင် လက်ရှိနေထိုင်နေသူ အမျိုးသမီးတစ်ဦးကပြောသည်။
ထွက်ပြေးကြသည့် စစ်သားနှင့်ပြည်သူ့စစ်အချို့မှာ လောက်ကိုင်မြို့တွင်း၌ ပြည်သူအယောင်ဆောင် ကာ ပြည်သူ့နေအိမ်များ၌ နေထိုင်နေကြခြင်းကြောင့်လည်း မြန်မာများအား တစ်အိမ်တက်ဆင်း လိုက်စစ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ ထွက်ပြေးကြတဲ့စစ်သားတွေကလက်နက်တွေနဲ့ ပြည်သူတွေအယောင်ဆောင်ပြီးနေတာ။ လက်နက်စစ်တယ်။တစ်အိမ်တက်ဆင်းမွှေနှောက်စစ်တာ။ အမြစ်ပြတ်ချင်လို့။ခုလိုမလုပ်ရင် အမြစ်မပြတ်နိုင်ဘူး” ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ၅ရက်မှစတင်ကာ လိုက်လံစစ်ဆေးနေခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားကာ ပြန်ခိုင်းခြင်း မဟုတ် ကြောင်း လောက်ကိုင်တွင် အလုပ်လုပ်ကိုင်နေသော အမျိုးသားတစ်ဦးကပြောသည်။
“ အိမ်တွေမှာရှာလို့ဗမာတွေတွေ့ရင် မိသားစုလိုက် ရစရာရှိတဲ့လစာတောင်းခိုင်းတယ်။ပြီးရင်အကုန် ကားနဲ့တင်ပြီး ပြန်ပို့လိုက်တယ်။ လူမျိုးရေးခွဲ ခြားလို့ပြန်ခိုင်းတာမဟုတ်ဘူး၊ နောက်အခြေအနေတွေပြန်အဆင်ပြေရင် ပြန်လာလို့ရတယ်လို့ပြောတယ်”ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ၅ရက်မှစတင်ကာ တစ်ရက်လျှင် မြန်မာ ၁၀၀၀ကျော်ကို ကားများဖြင့် ပြန်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
လောက်ကိုင်မြို့တွင် တရုတ်စကားမတတ်သော မြန်မာများမှာ အောက်ခြေသိမ်းအလုပ်များ လုပ်ကြ ရပြီး မြန်မာစုစုပေါင်း ၁သိန်းဝန်းကျင်ရှိကြောင်း ဒေသခံအချို့ကဆိုသည်။