အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်လိုက်ကြောင်း သြဂုတ်လ ၁ ရက် ယနေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
ပြင်ဆင်လိုက်သည့် အချက်အရ အကြမ်းဖက်လုပ်ရပ် တစ်ခုခု ဆောင်ရွက်ရာတွင် ကိုယ်တိုင် မပါဝင်သော်လည်း တိုက်တွန်းခြင်း၊ ကျူးလွန်စေရန် ဝါဒ ဖြန့်ခြင်း စသည့် အချက်များကိုပါ ပြစ်ဒဏ် သုံး နှစ်မှ ခုနစ်နှစ်အထိ ချမှတ်နိုင်သည်ဟု ပါဝင်ကြောင်း သိရသည်။
ယခင်ပြဌာန်းချက်အရ ပုဒ်မ ၅၂ အပိုဒ်ခွဲ(က) တွင် ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ခွဲငယ် ၁၆ မှ ပုဒ်မ ခွဲငယ် ၁၈ ထိ ဟုပါရှိပြီး ယခုပြင်ဆင်ချက်အရ ပုဒ်မခွဲငယ် ၁၅ ပါ ပြုလုပ်မှုများပါ အကျုံးဝင်မည် ဖြစ်ကြောင်းသိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ် မခွဲ(ခ) ၊ ပုဒ်မခွဲငယ် ၁၅အရ ” အကြမ်းဖက်အုပ် စုတခုခုတွင် ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ သူတစ်ဦးဦးအားပါဝင်စေရန်တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါ ဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ” ဟု ပြဌာန်း ကြောင်း သိရသည်။