By MPA
စစ်အာဏာသိမ်း စစ်တပ်အတွက် ရုရှားနိုင်ငံမှ တိုက်ခိုက်ရေး ဂျက်လေယာဉ် Sukhio Su-30SME အမျိုးအစားနှင့် စစ်ဘက် လေ့ကျင့်ရေး လေယာဉ်အချို့ ပထမအသုတ်အဖြစ် ပြီးခဲ့သည့် အပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု ရုရှားနိုင်ငံရှိ ပညာတော်သင် စစ်တပ်အရာရှိအချို့ထံမှ သိရသည်။
“ ကာကွယ်ရေး ဦးစီးချုပ် ရုရှားလာတုန်းက လေကြောင်းကာကွယ်ရေး စာချုပ် လေး ခု ချုပ်သွားတယ်။ အမေရိကန်ဒေါ်လာ သန်း ၈၄၀ ကျော်တယ်။ အခု ပထမအသုတ် စပို့လိုက်တာ။ ရေဒါနဲ့ပတ်သက်တဲ့ ပစ္စည်းတွေက သြဂုတ်လမှာ ထပ်ရောက်ဖို့ရှိတယ် ကြားတယ်” ဟု ရုရှားနိုင်ငံရှိ ပညာတော်သင် စစ်တပ်အရာရှိ တစ်ဦးက MPA သို့ ပြောသည်။
၎င်းတို့အနေဖြင့် လေယာဉ် အစင်းရေ မည်မျှ ပို့လိုက်သည်ကိုတော့ အတိအကျ မသိရကြောင်း ပြောကြသည်။
ထို့အပြင် ရုရှားနိုင်ငံရှိ သတင်းဌာနအချို့၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသို့ တိုက်လေယာဉ်နှင့် လေ့ကျင့်ရေး လေယာဉ်များ ပထမအသုတ် ပေးပို့လိုက်ကြောင်း ရုရှားစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ ဒီမီထရီဘူဂေ့ဗ်က ပြောကြားသည့် သတင်းအချို့ကို ယခုလ ၂၅ ရက်က ရေးသားဖော်ပြထားကြသည်။
အရှေ့တောင်အာရှတွင် မြန်မာ့ အာဏာသိမ်း စစ်တပ်သည် ရုရှားနိုင်ငံ၏ အဓိက မိတ်ဖက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အကြမ်းဖက် ဖိနှိပ်ရာတွင် တရုတ်နှင့် ရုရှားနိုင်ငံမှ ရရှိသည့် လက်နက်များကို အသုံးပြုနေသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့်လ ၂၀ ရက် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံသို့ တက်ရန် သွားရောက်ခဲ့သည်။
အဆိုပါခရီးစဉ်သည် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံး သွားရောက်သော ခရီးစဉ်တစ်ခုဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း ရုရှားနိုင်ငံ မီဒီယာနှင့် တွေ့ဆုံစဉ်က ဖော်ပြချက်အရ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ၉) ကြိမ်အထိ သွားရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
#စစ်ကောင်စီ #မင်းအောင်လှိုင် #တိုက်လေယာဉ် #ရုရှားနိုင်ငံ #MPA
မင်းတပ်တွင် စိတ်ဝေဒနာသည် အမျိုးသားတစ်ဦး စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦးကို စစ်တပ်ကသေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ မင်းတပ်မြို့၊ နမ့်ထာရပ်ကွက်တွင် ခလရ(၂၇၄)တပ်ရင်းမှ ကင်းလှည့်လာသည့်စစ်ကောင်စီတပ်သားများက မေ ၁၃ ရက်၊ နေ့လယ်တစ်နာရီအချိန်ခန့်တွင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။ "သူ့အိမ်ရှေ့မှာပဲ စစ်သားတွေကိုမြင်လို့ ကြောက်ပြီးပြေးတာမှာ...