By MPA
စစ်ကောင်စီက လာမည့်ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်အာဇာနည်နေ့ကိုကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဖိတ်စာပို့အကြောင်းကြားလာပြီ ဖြစ်ကြောင်းအာဇာနည်များ၏ မိသားစုဝင်အချို့ထံမှ သိရသည်။
“ကျွန်တော်တို့ဆီကို ဒီတစ်ရက်နှစ်ရက်ကပဲ ဖိတ်စာရောက်လာပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်အာဇာနည်နေ့ကို အခုချိန်ထိ လုပ်မယ်လို့ သေချာကြောင်း ပြောလို့ရပါတယ်။ ပွဲမရောက်မချင်းတော့သတင်းတွေပဲ နားစွင့်နေရပါတယ်” ဟု အာဇာနည်ပုဂ္ဂိုလ် သခင်မြ၏ သားတစ်ဦးဖြစ်သူ ဦးရဲမြင့်အောင်က ပြောသည်။
ကိုဗစ်စည်းမျဉ်းများအရမိသားစုဝင် လေးဦးသာတက်ရောက်ကြရမည်ဖြစ်ကြောင်းသိရသည်။စစ်အာဏာကသိမ်းထားချိန်တွင်အာဇာနည်နေ့အခမ်းအနားကျင်းပမည့်အပေါ်တွင်ဦးရဲမြင့်အောင်ကမိသားစုဝင်များဖြစိသည့်အတွက်မည့်သည့်အစိုးရတက်သည်ဖြစ်စေဂါရဝပြုခြင်းပြုမည်ဖြစ်ကြောင်းသူ့တစ်ဦးတည်းဆန္ဒကိုပြောသည်။
လက်ရှိအချိန်တွင်မြန်မာနိုင်ငံတွင်စစ်တပ်မှအာဏာသိမ်းမှုကျူးလွန်ထားပြီးအာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုပုဒ်မပေါင်းများစွာဖြင့်တရားစွဲဆိုထားသည်။
ထို့အတွက်လာမည့်အာဇာနည်နေ့အခမ်းအနားကိုဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်မဖိတ်နှင့်ပတ်သက်ပြီးစစ်တပ်တာဝန်ရှိသူဇော်မင်းထွန်းကိုဆက်သွယ်မေးမြန်းခဲ့ရာဆက်သွယ်၍မရရှိခဲ့ပေ။
“ဇူလိုင် ၁၂ ရက်ရုံးချိန်း က မေးတုန်းကတော့ အန်တီ့ကို အဲ့ဒါနဲ့ပတ်သက်ပြီးမေးတော့ အန်တီကကျွန်မတို့ကို ဘာမှမပြောပါဘူး”ဟုနိုင်ငံတော်အတိုင်ပင်ခံ၏ရှေ့နေတစ်ဦးဖြစ်သူတရားလွှတ်တော်ရှေ့နေဒေါ်စန်းမာလာညွန့်က MPAသို့ပြောသည်။
စစ်ခေါင်းဆောင်သန်းရွှေကအာဏာသိမ်းမှုကျုးလွန်ခဲ့သည့်နှစ်ကာလများတွင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်အာဇာနည်နေ့အခမ်းအနားအများစုကိုတက်ရောက်ခဲ့ရပြီးလက်ရှိအချိန်တွင်တက်ရောက်ခြင်းရှိမရှိကိုတော့သဲသဲကွဲကွဲသိရှိရခြင်းမရှိသေးချေ။
စင်ကာပူနိုင်ငံသို့ သူနာပြုအဖြစ်သွားရောက်အလုပ်လုပ်ကိုင်နေသူများ ပတ်စ်ပို့စ် သက်တမ်းတိုးခွင့်မရတော့ဟုဆို
မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သူနာပြုအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေသူများ ပတ်စ်ပို့စ်သက်တမ်းတိုးရာတွင် သက်တမ်းတိုးခွင့်မရတော့ဘဲ စစ်ကောင်စီထံ အသနားခံစာတင်မှ တိုးခွင့်ရမည်ဟု မြန်မာသံရုံးက ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးရန် သွားရောက်သူများကို သံရုံးဝန်ထမ်းများက အချိန်မြင့်စွာစောင့်ဆိုင်းစေပြီးနောက် ဝန်ထမ်းတစ်ဦးက...