By MPA
ကယားပြည် လွိုင်ကော်မြို့နယ်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကရင်နီတပ်မတော် KA/KNPP တို့တိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့အရှေ့ မြောက်ဖက်ရှိ KA/KNPP စစ်ရေးလှုပ်ရှားရာဒေ သ တီးလုံ ကွန်နီရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တမ် ၆၆ နှင့် ခမရ ၅၃၀ တပ်ဖွဲ့ဝင်များနှင့် ကရင် နီတပ်မတော် KA/KNPP တပ်ရင်း ၃ တို့ တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အ သေအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့ပြီ လက် နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း က ရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KPDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဒီမော့ဆိုးမြို့အတွင်း ကျေးရွာတစ်ရွာမှ အကြမ်းဖက်စစ်တပ် ၂လ ကျော်ကြာ တပ်စွဲခဲ့သည့်နေအိမ်တွင်လည်း မိ သားစုလိုက် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း မေလ နောက်ဆုံးအ ပတ်မှ စတင်ဖြစ်ပွားခဲ့သောအကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KPDF တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထွက်ပြေးနေရသူ သိန်းနှင့်ချီရှိခဲ့ပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။