By MPA
မြန်မာတနိုင်ငံလုံး၌ ကူးစက်မြန် COVID – 19 ကမ္ဘာ့ကပ်ရော ကူးစက်မှု မြင့်တက်နေချိန်တွင် အာဏာသိမ်း စစ်ကောင်စီက စာမတတ်သူ ပပျောက်ရေးအစီအစဥ်အရ “ အ“ သုံးလုံးသင်တန်းများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“ သူတို့ နစကကောင်စီအစည်းအဝေးမှာ စာမတတ်သူ ပပျောက်ဖို့၊ ပညာတတ်တွေ များဖို့ဆိုပြီး “ အ“ သုံးလုံး သင်တန်းတွေ ဆုံးဖြတ်ပြီးတော့ ညွှန်ကြားလာတာ“ ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။
“ အ” သုံးလုံးသင်တန်းတွေ ဖွင့်လှစ်ဖို့အတွက်ကို မေလ ၂၄ ရက်နေ့ကပြုလုပ်သည့် အာဏာသိမ်း အစစ်ကောင်စီအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၁) အရဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်“ အ“ သုံးလုံး သင်တန်းတွေဖွင့်ဖို့ ဧရာဝတီတိုင်း ပညာရေးဌာနကို ညွှန်ကြားလာတဲ့အတွက် တိုင်းပညာရေးမှူးရုံးက ခရိုင် ၆ ခုက ပညာရေးဌာနများကို ထပ်ဆင့်ညွှန်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းမှစတင်၍ မျိုးရိုဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်မှုတဖြည်းဖြည်း မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ မြို့ပေါင်း ၂၃ မြို့ကို Stay at Home ကြေညာထားသည်။
(ဓာတ်ပုံ – ဆရာများကို ပညာရေးဌာနက မွမ်းမံသင်တန်းပေးနေသော ပုံဟောင်း ဖြစ်ပါသည်။)
#MPA #အသုံးလုံးသင်တန်း #ပညာရေး #စစ်ကောင်စီ