မန္တလေးတိုင်း၊မိုးကုတ်မြို့လျှပ်စစ်ရုံး တိုက်ခိုက်ခံရပြီးနောက် ရပ်ကွက်တစ်ခုနှင့်ရွာအချို့ကို မီးဖြတ် တောက်လိုက်ကြောင်း သိရသည်။
မိုးကုတ်မြို့၊ကျပ်ပြင်ရပ်ကွက်၊ဆင်ခွာရွာ၊ဘော်လုံးကြီးရွာနှင့်ဘောလုံးလေးရွာအပါအဝင်ကျေးရွာအချို့ကိုဇူလိုင်၂၇ရက်ကစပြီး ညပိုင်းခဏသာ လျှပ်စစ်မီးပေးခဲ့ပြီးနောက် ဇူလိုင်၂၉ရက်မှစတင်ကာလုံးဝ မီးမပေး တော့ကြောင်း မိုးကုတ်ဒေသခံအချို့ထံက သိရသည်။
“ မီးမလာတာ ရက်ကြာပြီဆိုတော့ သွားမေးကြည့်တာ၊မီးဖြတ်ခံရတာတဲ့၊မီးလာတုန်းကလည်း ညပိုင်းခဏပဲလာတာ၊ခုကလုံးဝမလာတော့တာ” ဟု ဒေသခံတစ်ဦးကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်း ၊မင်းတံတားရပ်ကွက်ရှိ လျှပ်စစ်မီတာရုံးတွင် တပ်စွဲထားသည့်ရဲများ ဇူလိုင် ၂၆ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မီးဖြတ်တောက်ခြင်းဖြစ်သည်။
” ဖုန်းအားမသွင်းရတော့ဘူးပေါ့၊စက်ခုတ်(မီးစက်မောင်း)ဖို့လည်းဆီစျေးနဲ့ စက်ခုတ်ဖို့အဆင်မပြေဘူး၊ဆိုလာတပ်မယ်ဆိုလည်း ရာသီဥတုက နေမှမမြင်ရတာ၊ထမင်းဟင်းကတော့ မီးသွေးနဲ့ချက်လို့ရတယ်၊ဖယောင်းတိုင်ပြန်သုံးရတာပေါ့” ဟု ကျပ်ပြင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောသည်။
မိုးကုတ်မြို့ခံအချို့က လျှပ်စစ်မီးဖြတ်တောက်ခံရသောရွာမှ အထက်ဖော်ပြပါ၃ရွာထက် ပိုများ သည်ဟုဆိုကြသော်လည်း MPA အနေနှင့် အတည်မပြုနိုင်သေးပေ။