ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊တပ်ရင်းအမှတ် (၇) ၂ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
ဇူလိုင် ၁၆ရက်နေ့၊နံနက် ၉နာရီခန့်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း(၇)ဖွဲ့စည်းတည်ထောင်ခြင်း ၂နှစ်ပြည့်အခမ်းနားကို ကယား(ကရင်နီ)ပြည်နယ် တစ်နေရာတွင် ကျင်းပခဲ့ကြောင်း KNDF- B07၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂နှစ်ပြည့်အခမ်းအနားတွင် တပ်ရင်းအလံကို အလေးပြုခြင်း၊ ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ ကျဆုံးသွားသည် အမှတ် ၇တပ်ရင်းမှ ရဲဘော် ဒါးဝီ၊ ရဲဘော် ပရဲဖား၊ ရဲဘော် စိုးမြိုင်၊ ရဲဘော် ထျိုးရယ် ၊ရဲဘော် အောင်အောင် နှင့် ရဲဘော်အောင်ကျော်ခန့်တို့ကို အောက်မေ့သတိရခြင်းနှင့် အလေးပြုခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့တပ်ဖွဲ့က ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးပြုတာပါ။ဒီတော်လှန်ရေးကာလ ၂နှစ်အတွင်းကပေါ့။ပြီးတော့ အတွင်းရေးမှူး -၂က မိန့်ခွန်းပြောကြားပြီး တပ်ရင်းမှူးနှင့် ဒုရင်းမှူးတို့က အမှာစကားပြောပြီး အဆုံးသတ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
၂နှစ်ပြည့်အခမ်းအနားအပြီးတွင် တပ်ရင်းရှိ ရဲဘော်များပါဝင်သော ပိုက်ကျော်ခြင်း နှင့် ဘော်လီဘော ပြိုင်ပွဲတို့ ပြုလုပ်ခဲ့သည်။