စစ်ကိုင်းတိုင်း၊ မြို့နယ်၃ခုအတွင်းရှိ စစ်ဘေးရှောင်များကို ကျန်းမာရေးကုသမှုပေးရန် ဆေးခန်းဖွင့်ထားပြီဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောက်ရှောက်ရေးအဖွဲ့ထံက သိရသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ရွှေဘိုနှင့် အရာတော်မြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဖြစ်သော ဇွန်လ၁၉ရက်နေ့က ဆေးခန်းများစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဆေးခန်းကအထိုင်ဗျ။ မြို့နယ်သုံးမြို့နယ်က စစ်ရှောင်တွေရော အနီးနားကျေးရွာက ပြည်သူတွေရော လာရောက်ကုသကြတယ်။ လာကုတဲ့လူနာတွေရဲ့ ရောဂါတွေက မျိုးစုံပဲ။ ရာသီပေါ်တုတ်ကွေးတို့၊ ဖျားတာနာတာတို့၊ ထိခိုက်ရှနာအဆုံးထိ ကုသမှုလာယူကြတယ် ” ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောက်ရှောက်ရေးအဖွဲ့မှ ကိုစိုးမိုးအောင်က MPAသို့ပြောသည်။
ယင်းဆေးခန်းများကို CDMဆရာဝန်နှင့် CDMသူနာပြုများဖြင့် အလှည့်ကျ လည်ပတ်နေကြောင်း သိရသည်။
“ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်ရမှာတွေ အများကြီးရှိသေးတယ်ဗျ။ လက်ရှိဆေးခန်းကိုလည်း ဆေးဖြည့်တင်းဖို့ကြိုးစားရဦးမယ်ဗျ။ တစ်ရက်၊တစ်ရက်ကို ဆေးဖိုးတင် သိန်းဂဏန်းလောက်သွားတယ်။ အဲ့ဒါကြောင့် ဘဏ္ဍာေငွလိုအပ်မှုတွေ အများကြီးရှိနေသေးတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လတ်လောတွင် နယ်ဘက်များသို့ မြွေဆိပ်ဖြေဆေးများ တတ်နိုင်သလောက် ဖြန့်ဝေပေးနေကြောင်းလည်း သိရသည်။