စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် ဆိုင်ကယ်စီးလာသော စစ်သား ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်း Dog Killers People’s Defense Force Myinmu (DK PDF-MMU)ထံကသိရသည်။
ယနေ့ (ဇွန်လ၂၈ရက်)နံနက် ၆နာရီ၊၅၁မိနစ်ခန့်တွင် မြို့ရှောင်လမ်းဘက်သို့ ဆိုင်ကယ် ၂ စီးဖြင့် စစ်သား ၄ ဦး ပြည်သူများထံ အဓမ္မငွေကြေးကောက်ခံရန်သွားစဥ် မိုင်း၂လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့က သတင်းရတာနဲ့ ချက်ချင်းပဲ အရဲစွန့်ပြီး မြို့ပေါ်တက် မိုင်းထောင်တာ။မိုင်းဆွဲလိုက်ချိန် ဆိုင်ကယ် ၂ စီးလုံးတာယာတွေပွင့်ထွက်သွားတာ။တာယာအပွင့်ကြီးနဲ့ ၂ယောက်ပိုးစီးပြီး ခွေးခြံကို မောင်းထွက်သွားတယ်။ခပ်ဝေးဝေးရောက်မှ သေနတ် တစ်ချက်၊ နှစ်ချက်ဖောက်တယ်။ဒဏ်ရာပြင်းထန်တဲ့အထဲက ၂ယောက်သေသွားတယ်လို့ သတင်းပြန်ကြားရတယ်”ဟု DK PDF-MMU မှ ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုအပြီး PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dog Killers People’s Defense Force Myinmu (DK PDF-MMU)၊People’s Knight Defense Force Myinmu၊မြင်းမူတိုက်နယ် အနောက်ခြမ်း(ပကဖ)နှင့် D.B.B.F-MMUတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးခြင်းကို MPA အနေဖြင့်သီးခြားအတည်ပြုနိုင်ပေ။