မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ လမ်းမတစ်နေရာတွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇နှစ်ပြည့်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြကြကြောင်း သိရသည်။
ယနေ့ (ဇွန်၂၆)ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ရဲဘော်များဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝန်းရံမှုဖြင့် ဆန္ဒပြခဲ့ကြကြောင်း ဗကသများအဖွဲ့ချုပ်ထံက သိရသည်။
“ ဆလိုင်းကျဆုံးတဲ့ နှစ်ပတ်လည်နေ့မှာေကြွးေကြာ်သံအော်ပြီး ဆန္ဒပြတယ်ပေါ့။ဆလိုင်းတင်မောင်ဦးရဲ့ စစ်အာဏာရှင်တွေအပေါ်မှာ ရန်- ငါပြတ်ပုံတွေ၊စစ်အစိုးရကို ဒူးမထောက် လက်မမြောက်ဘဲ ရဲရဲဝင့်ဝင့် ရင်ကော့ပြီးကြိုးစင်တက်သွားပုံတွေကို ရတဲ့ အချိန်နည်းနည်း လေးအတွင်းမှာ ဟောပြောခဲ့တယ်” ဟု ဗကသများ အဖွဲ့ချုပ်၊ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ)မှ ကိုနိုင်လင်းအောင်က MPAသို့ ပြောသည်။
ယနေ့ဆန္ဒပြပွဲတွင် ၂၀၀၈ခြေဥအလံကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ဗကသများအဖွဲ့ချုပ်က အခြေခံပညာကျောင်းများ၌ ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့် ဆန္ဒပြလူထုလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။