ပဲခူးတိုင်း၊ ဆင်မြီးဆွဲမြို့တွင် ရဲ၂ဦးကိုယနေ့နံနက်ပိုင်း၌ ဒေသတွင်းPDF၂ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ (ဇွန်၂၆ရက်)နံနက် ၇နာရီ၊မိနစ်၂၀ခန့် တွင် ဆင်မြီးဆွဲမြို့ နယ်ထိန်းခေါင်းဆောင်ကျော်ကျော်နှင့် ၎င်း၏ယောက်ဖ ရဲအုပ်(ငြိမ်း) စိုးသက်အောင် တို့ ဆိုင်ကယ်စီးနင်းလာစဥ် ပစ်ခတ်ခဲ့ရာ ရဲအုပ်ဖြစ်သူမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နယ်ထိန်းခေါင်းဆောင် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း – ၃၆၀၂ တပ်ခွဲ(၄)ထံကသိရသည်။
“နယ်ထိန်းကျော်ကျော်နဲ့ ရဲအုပ်အငြိမ်းစား စိုးသက်အောင်တို့ ဆိုင်ကယ်စီးလာတဲ့အချိန် နောက်ကနေပစ်တာ။စိုးသက်အောင်က ကျောကနေ ကျည်ဖောက်ဝင်ပြီး နေရာမှာပဲ သေတယ်။
ကျော်ကျော်လည်း ကျောကဖောက်သွားပေမဲ့ မသေဘူး။ဒီကောင့်ကို ပြည်က စစ်ဆေးရုံကိုပို့လိုက်တယ်”ဟု ပြည်ခရိုင် PDF တပ်ရင်း – ၃၆၀၂ တပ်ခွဲ(၄) တာဝန်ခံ ဗိုလ်ဒေါင်းဝေ ကပြောသည်။
နယ်ထိန်းခေါင်းဆောင်ကျော်ကျော်က ပြည်သူများ၏ဆိုင်ကယ်များကို ဖမ်းဆီးကာ မတရားငွေညှစ်နေကြောင်း တိုင်းကြားမှုများအရ ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါပစ်ခတ်မှုကို ဆင်မြီးဆွဲမြို့၊မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိ အခိုက်မရှိအောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ နှင့် ၃၆၀၂၊တပ်ခွဲ(၄)ဒေါင်းစစ်သည် တို့က ပူးတွဲစစ်ဆင်ရေးအဖြစ်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။